ယာဉ်လိုင်းတွေ ထိန်းသိမ်းဖို့ ခက်ခဲနေတဲ့အကြောင်း မေးမြန်းချက်


2016.12.03

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ လိုင်းကားတွေဟာ ညနေ ၇ နာရီဝန်းကျင်ရောက်တာနဲ့ တရားဝင်သတ် မှတ်ထားတဲ့ ယာဉ်စီးခနှုန်းထားထက် ထက်ဝက်ကျော်ကောက်ခံမှုတွေ ရှိနေပါတယ်။

ယာဉ်စီးခ ပိုမိုကောက်ခံတာတွေနဲ့ ပတ်သက်လို့ မထသ (ဗဟို) ကို တစ်လမှာ တိုင်ကြားမှု ၁၆၀ ကျော် ရှိနေပြီး မထသဘက်က ယာဉ်ပြေးဆွဲခွင့် တလပိတ်သိမ်းတာမျိုးနဲ့ ဒဏ်ငွေတပ်တာတွေ ဆောင်ရွက်နေတယ်လို့ မထသ (ဗဟို) ဥက္ကဌ ဦးလှအောင် က ပြောပါတယ်။

ဒါပေမယ့် ပုဂ္ဂလိကတစ်ဦးတည်းပိုင် ယာဉ်လိုင်းတွေ ဖြစ်တာကြောင့် ထိန်းသိမ်းဖို့ ခက်ခဲတယ်လို့ မထသ (ဗဟို) ဥက္ကဌ ဦးလှအောင် က ပြောပါတယ်။

မထသ (ဗဟို) ဥက္ကဌ ဦးလှအောင် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။