ဂျပန် စီးပွားရေး အဖွဲ့ မြန်မာနိုင်ငံသွားမယ်
2016.12.03
ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်မယ့် အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံကို တနင်္လာနေ့မှာ သွားရောက်ပြီး သူတို့လုပ်ကိုင်နိုင်မယ့် အခွင့်အရေးတွေ ကို လေ့လာကြမယ်လို့ တိုကျိုက ဒီကနေ့လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြ ထားပါတယ်။
အဲဒီစီးပွားရေးအဖွဲ့မှာ နာမည်ကျော် ဂျပန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီတွေက ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်ပြီး ဒီခရီးစဉ်ကို ဂျပန်အစိုးရ ကုန်သွယ်စီးပွားနဲ့ စက်မှုဝန်ကြီးဌာနက စီစဉ်တာဖြစ်ပါတယ်။
ဂျပန်ကိုယ်စားလှယ်အဖွဲ့ဟာ ငါးရက်ကြာခရီးစဉ်အတွင်း မြန်မာအစိုးရလျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ နိုင်ငံ ပိုင်ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။