သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-01
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာမှာ ဇူလိုင်လ ၁ ရက် ဒီနေ့ နေ့လယ်က မြေမြှုပ်မိုင်း နင်းမိလို့ အရပ်သားတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ာပါတယ်။
2022-07-01
ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် တတိယနေ့ဖြစ်တဲ့ ဇူလိုင် ၁ ရက် ဒီကနေ့မနက်ပိုင်းမှာ အာဆီယံအထူး ကိုယ်စားလှယ် ပရက်ဆော့ခွန်း (Prak Sokhonn) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2022-07-01
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို မူလ ထိန်းသိမ်းထားတဲ့ နေအိမ်မှာပဲ ပြန်ထားဖို့ တောင်းဆိုချက်ကို လိုက်လျောမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ဒီနေ့ပြောပါတယ်။
2022-07-01
မေလ ၃၀ ရက်ကစလို့ တယ်လီနော (မြန်မာ) ကို လွှဲပြောင်းယူလိုက်တဲ့ အက်တမ်ကုမ္ပဏီက ဆက်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ပြည်တွင်းပြည်ပ ဥပဒေတွေအရ ကာကွယ်ပေးသွားမယ်လို့ ဇွန်လ ၈ ရက်နေ့က တရားဝင် ကြေညာပါတယ်။
2022-07-01
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဝေါလေဒေသက စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ ဥကရစ်ထစခန်းမှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေ ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရွှေအေးမြိုင်၊ ဝါးမိထ စတဲ့ကျေးရွာတွေက ဒေသခံ တစ်ထောင်ခန့် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-01
ပဲခူးတိုင်းအတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေမှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကျေးရွာပေါင်း ၃၀ က ဒေသခံတွေ လတ်တလော ဆေးဝါး၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
2022-07-01
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးက ရှေ့နေသုံးဦး ဇွန်လ ၂၉ ရက်နေ့က အဖမ်းခံလိုက်ရတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ဇူလိုင် ၁ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
2022-07-01
ဧရာဝတီသတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်ကို စစ်ကောင်စီရဲ့ မန္တလေး အိုးဘိုထောင် အထူးတရားရုံးတစ်ခုကနေ ဇွန်လ ၂၉ ရက်နေ့က အာဏာဖီဆန်လာအောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စွဲချက်တင် အမိန့်ချလိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူ့ရဲ့အကျိုးဆောင်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။