သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-03
မန္တလေးမြို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်သွားတဲ့အတွက် ကုန်ကျစားရိတ် ပိုများလာနေပါတယ်။
2015-06-03
လွှတ်တော်ကိုယ်စားလှယ်တွေ အိပ်ငိုက်နေတဲ့ပုံတွေ နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ မဲပေးနေ ပုံတွေ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက် စာမျက် နာတွေမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက် လို့ နေပြည်တော်လွှတ်တော်သုံး ရပ်လုံးမှာ သတင်း သမားတွေအတွက် သတ်မှတ်ပေးထားတဲ့ မီဒီယာ ခန်းကနေ သတင်းယူခွင့် ပိတ်ပင်လိုက်ပါတယ်။
2015-06-03
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီသူ ၇၀ ကို ဒီနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ အဝေးသင်တက်နေတဲ့ ကျောင်းသူကျောင်းသား ၁၃ ယောက်ရဲ့ အာမခံကို တရားရုံးက ပယ်ချလိုက်ပါတယ်။
2015-06-03
ဘာသာ၊ သာသနာ ညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ စာရေးဆရာ ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-06-03
ဟိုင်းကြီးကျွန်းမှာ ဖမ်းဆီးထားတဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ကို စီစစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်ရေးအတွက် ရခိုင်ပြည်နယ် မောင်တောမြို့ကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
2015-06-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလ ကျွန်းကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၂၀၀ ကျော်က ကိုရီးယားဒေဝူးကုမ္ပဏီ ရုံးရှေ့မှာ ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-06-03
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စံပြကျေးရွာသစ်က အိမ်ခြေ ၁ဝဝ ကျော် ကို ဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်က ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၄ဝဝ ကျော် လောက်က ဒီနေ့ဝင်ရောက် ဖျက်ဆီးလိုက်ပါတယ်။
2015-06-03
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ အစိုးရနဲ့ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ PSLF /TNLA တအာင်း ပလောင်အဖွဲ့တွေလည်း ပါဝင်ဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအကြီးအကဲက တိုက်တွန်း လိုက်ပါတယ်။
2015-06-03
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ မြို့နယ် ၂၆ မြို့နယ်က ဒေသခံတွေနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သံဃာတော်တွေ စုပေါင်းပြီး လှေစီးဒုက္ခသည်တွေ ကို မြန်မာနိုင်ငံမှာ ခိုလှုံခွင့်မပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
2015-06-03
ဧရာဝတီတိုင်း ဖျာပုံမြို့အနီး က မြန်မာ့ရေပိုင်နက်တွင်း ဖမ်းမိတဲ့ လှေစီး ဒုက္ခသည် ၇၂၇ ဦးကို ခေတ္တထိန်းသိမ်းထားတဲ့ ဟိုင်းကြီး ကျွန်းကနေ ရခိုင်မောင်တောမြို့နယ်က ကညင်ချောင်းကို ဒီကနေ့ မနက် ကရွှေ့ပြောင်းထားလိုက်ပြီလို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက RFA ကိုပြောပါတယ်။
2015-06-03
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဗြိတိသျှကိုလိုနီလက်ထက်က တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် နာရီစင်ဟောင်းကြီးကို မူလပုံစံမပျက် ပြန်လည်ပြုပြင်ဖို့ ပြည်နယ်အစိုးရက ဆောင်ရွက်နေပါတယ်။
2015-06-03
ဧရာဝတီမြစ်ကြောင်းတလျှောက်က မြို့ရွာတွေမှာ မြစ်ထဲကို အမှိုက်စွန့်ပစ်မှုတွေကြောင့် ဧရာဝတီမြစ်ရေ ညစ်ညမ်းလာနေပါတယ်။
2015-06-03
ဟိုင်းကြီးကျွန်းအနီးမှာ ဖမ်းမိတဲ့ လှေစီးဒုက္ခသည် ၇ ရာကျော်ကို စိစစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ဖို့အတွက် ရခိုင်ပြည်နယ် မောင်တောမြို့ကို ပို့ဆောင်လိုက်ပြီလို့ သိပါတယ်။
2015-06-03
ဘာသာသာသနာ ညှိနွမ်းစေမှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တရားရုံးက ဒီကနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
2015-06-03
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုရမယ့် မျိုးစောင့်ဥပဒေကြမ်း ၄ခုကို မပြဌာန်းသင့်ကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၆ ဖွဲ့က ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီထံ အင်္ဂါနေ့က တင်ပြခဲ့ကြပါတယ်။