လွှတ်တော်သုံးရပ်လုံးက သတင်း မီဒီယာခန်းအားလုံး ပိတ်ပင်
2015.06.03
လွှတ်တော်ကိုယ်စားလှယ်တွေ အိပ်ငိုက်နေတဲ့ပုံတွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ မဲပေးနေပုံတွေ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက် စာမျက်နာတွေမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ နေပြည်တော်လွှတ်တော်သုံး ရပ်လုံးမှာ သတင်းသမားတွေအတွက် သတ်မှတ်ပေးထားတဲ့ မီဒီယာခန်းကနေ သတင်းယူခွင့် ပိတ်ပင်လိုက်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းမီဒီယာ သမားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်မှာ ဒီနေ့ ရှင်းလင်းခဲ့ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။