သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-04
မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်စဉ်းစား သုံးသပ်ပြင်ဆင်ဖို့လိုအပ်ကြောင်း လက်ရှိ အာဆီယံဥက္ကဌနဲ့ နောက် ဥက္ကဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံ ခေါင်းဆောင်ဆီကို ပေးပို့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
2022-11-04
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်ဒေသမှာ အခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုဟာ အရင်နှစ်ကထက် ၁၀ ဆ မြင့်တက်လာတယ်လို့ နယ်စပ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဆေးဝါးကုသပေးနေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းက ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
2022-11-04
အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ချောင်းစောက်ရွာအနီးမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၂ နာရီမှာ စစ်ကောင်စီတပ်က ရွာထဲကိုဝင်ရောက်လာပြီး ဒေသခံတွေကို တိမ်းရှောင်ခိုင်းတာလို့ ဆိုပါတယ်။
2022-11-04
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်ဒေသ ကလေးမြို့မှာ ချင်းရိုးရာ ထိုင်ခုံတွေပြုလုပ်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေသူတွေထဲမှာ ချင်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဦးဆွမ်ဇခါလ်တို့ မိသားစုလည်း ပါဝင်ပါတယ်။ ချင်းရိုးရာထိုင်ခုံတွေကို ကြိမ်၊ ဝါး၊ နွား၊ နွားနောက်သားရေတွေကို အသုံးပြုပြီး ရက်လုပ်ပါတယ်။
2022-11-04
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာမှာ နိုဝင်ဘာလ ၄ ရက် ဒီနေ့ မနက် ၁၁ နာရီ ဝန်းကျင်က နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက်နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-04
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ MNDAA တပ်ဖွဲ့ ရှိတဲ့နေရာတွေကို ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲဖြစ်တာဖြစ်ပြီး စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေဆဲပဲလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2022-11-04
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် မြောင်းကြီးကျေးရွာက နေအိမ် ၃၇ လုံးကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၄ ရက် ဒီနေ့မနက် ၇ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Kawlin Revolution-KR က ထုတ်ပြန်ပါတယ်။
2022-11-04
မကြာသေးခင်ကမှ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒုတိယဥက္ကဋ္ဌ-၃ နေရာကို ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနဲ့ အထွေထွေ အတွင်းရေးမှူးနေရာကို ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးတို့ကို တာဝန်ပေးလိုက်ပါတယ်။
2022-11-04
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ နိုင်ငံခြားက လုပ်ငန်းအမှာတွေ မရှိတော့တာကြောင့် လက်ရှိမှာ စက်ရုံအချို့ လုပ်ငန်းရပ်နား ထားကြရပါတယ်။
2022-11-04
မီးရှို့အသတ်ခံရတာဟာ စစ်ကိုင်းတိုင်းမှာ လူ ၁၃ ဦးနဲ့ မကွေးတိုင်းမှာ လေးဦးဖြစ်တယ်လို့ ဆိုပါတယ်။ မီးရှို့ခံရတဲ့ နေအိမ်တွေကတော့ စစ်ကိုင်းတိုင်းမှာ နေအိမ် ၁၀၄၄ လုံးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာတော့ နေအိမ် ၄၇၀ နဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2022-11-04
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဂါးတွင်းကျေးရွာမှာ နိုဝင်ဘာ ၃ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာထဲကနေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နဂါးတွင်းရွာဒေသခံတွေက RFA ကိုပြောပါတယ်။
2022-11-04
ရန်ကုန်တိုင်း ဒလမြို့နယ်က PDF ၂၁ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက နိုဝင်ဘာလ ၃ ရက် မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။
2022-11-04
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း သြဂုတ်လ ၂ ရက်နေ့ကနေ ဒီကနေ့အထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တွေမှာ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးတဲ့အရပ်သား ၂၁ ဦးနဲ့ ဒဏ်ရာရသူ ၇၈ ဦးအထိရှိသွားပြီ ဖြစ်ပါတယ်။
2022-11-04
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ ကျေးရွာအုပ်စု၊ ဇီးကနားရွာကို နိုဝင်ဘာ ၃ ရက် မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မိသားစု တစ်စုတည်းကတင် အသက် ၁၃ နှစ်အရွယ် မောင်ပိုင်ဆက်မှူးနဲ့ အသက် ၇၀ နီးပါးအရွယ် အဘွားဖြစ်သူ ဒေါ်ဝင်းတို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-03
သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားအယောက် ၂ဝ ပါဝင်ပြီး အဲ့ဒီအထဲက ၁၁ ယောက်ကို နိုင်ငံအမည်ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သံရုံးကြေညာချက်မှာ ဖော်ပြထားတာပါ။