သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-02
ရန်ကုန်မြို့ အင်းစိန်မြို့နယ် CID သင်တန်းကျောင်းက ကိုဗစ်သံသယလူနာတွေကို နေ့တိုင်းလိုလို တစ်နေ့ လူအယောက် ၃၀ လောက် ခေါ်ဆောင်နေရတယ်လို့ ကြက်ခြေနီအဖွဲ့က အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြောပါတယ်။
2021-07-02
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတဲ့ တင်းမကျေးရွာသားတွေဟာ လာမယ့် အောက်တိုဘာလမှာ နေရပ်ပြန်ဖို့ ပြင်ဆင်နေပြီလို့ တင်းမဆရာတော် ဦးဝါယမိန္ဒက RFA ကို ဒီကနေ့ ပြောပါတယ်။
2021-07-02
မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပက်သတ်လို့ နိုင်ငံတကာက ကြားဝင်တဲ့ အခြေအနေအထိ မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၂၄ ရက်နေ့က RIA သတင်းဋ္ဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။
2021-07-02
မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ နိုင်ငံခြားသတင်းဌာနတွေအနေနဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ကောင်စီ၊ အာဏာသိမ်းစစ်တပ်၊ စစ်အစိုးရ စသဖြင့် သုံးနှုန်းနေတာတွေနဲ့ သတင်းမှားတွေကို ကိုးကားချဲ့ကား ရေးသားဖြန့်ချိတာတွေ မလုပ်ဖို့ သတင်းစာတွေကနေ နေ့စဉ်သတိပေးနေသလို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2021-07-02
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က ဖက်ခတ်ကျေးရွာမှာ စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ ဇူလိုင် ၁ ရက်နေ့ မနက် ၉ နာရီခွဲမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-07-02
မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပကအမှာတွေ ကျဆင်းသွားလို့ဆိုပြီး တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်တဲ့ Hengmao Garment (မြန်မာ) အထည်ချုပ်စက်ရုံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပိတ်လိုက်ပါတယ်။
2021-07-02
ပဲခူးတိုင်း၊ ပြည်မြို့၊ ဖိုးခေါင်ရပ်ကွက်က အသက် ၃၄ နှစ်အရွယ် ကိုစိုးမင်း ကို မြရွာကျောင်းကို ဖျက်ဆီးတယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် အင်္ဂါနေည ၁၁ နာရီအချိန်လောက်မှာ စစ်တပ်နဲ့ရဲက လာဖမ်းသွားပြီး၊ နှစ်ရက်အကြာ ဇူလိုင် ၁ ရက်နေ့မှာ ကိုစိုးမင်း သေဆုံးသွားပြီဖြစ်ကြောင်း စစ်တပ်က မိသားစုကို အကြောင်းကြားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။
2021-07-02
ရှမ်းပြည်နယ်၊ မြောက်ပိုင်း လားရှိုးမြို့မှာ ဇွန်လ ၈ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ဇူလိုင်လ ၁ ရက် မနေ့ကအထိ ရှမ်းပြည်နယ်၊ မြောက်ပိုင်းမြို့နယ်တွေ တော်တော်များများမှာ ပိုးတွေ့လူနာ ၁၁၀၀ ကျော် ရှိလာပြီလို့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
2021-07-02
အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Bago Weekly ဂျာနယ်က ကိုငြိမ်းချမ်းဝေကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄- က နဲ့ ထပ်တိုးတရားစွဲ ထားတယ်လို့ ကိုငြိမ်းချမ်းဝေရဲ့ မိသားစုဝင်က ပြောပါတယ်။
2021-07-02
ရန်ကုန်မြို့၊ မြေနီကုန်း ခုံးကျော်တံတားပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး စာတမ်းကို လာဖြုတ်တဲ့ ရဲကားတစ်စီးဟာ ဒီနေ့ ဇူလိုင် ၂ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ကိုယ်တိုင်တွေခဲ့တဲ့ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။
2021-07-02
စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်း ဆောင် ဦးဝင်းထိန်ရဲ့အမှုအတွက် နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်တရားရုံးမှာ ဇူလိုင်လ ၂ ရက် ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2021-07-02
မြန်မာနိုင်ငံရဲ့ အကြီးဆုံး မိုဘိုင်းနဲ့ အင်တာနက်ဆက်သွယ်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ တယ်လီနောမြန်မာ ကနေ ဆက်သွယ်ရေးလုပ်ငန်းတွေကို ရောင်းချပြီး ထွက်ခွာသွားတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တကယ်လို့ အဲဒီလိုသာ တယ်လီနောထွက်ခွာသွားမယ်ဆိုရင် သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချရတဲ့ ဖုန်းအော်ပရေတာ ရွေးချယ်စရာ လျော့နည်းသွားမှာဖြစ်တယ်လို့ သုံးစွဲသူတွေက ပြောဆိုကြပါတယ်။
2021-07-02
မန္တလေးတိုင်း၊ မန္တလေးမြို့ မန္တလာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ စုပေါင်းပြီး ၂၀၂၁ ဇူလိုင်လ ၂ ရက် ဒီနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
2021-07-01
ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ Covid-19 ဓာတ်ခွဲအတည်ပြုလူနာတွေများလာလို့ အဲဒီ တိုင်းနှစ်ခုက မြို့နယ် ကိုးခုကို ဒီနေ့ ဇူလိုင်လ ၂ ရက် မနက် ၄ နာရီကစပြီး နေအိမ်မှာနေထိုင်ရေး (Stay at Home) အမိန့် ကြေညာလိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2021-07-01
ဆေးဝါးတွေရဲ့ အရည်အသွေးမပျက်စီးဖို့ အလွန်အဓိကကျတဲ့အရာကတော့ ဆေးဝါးထားသိုမှုပုံစံပဲ ဖြစ်ပါတယ်။ ဆေးဝါးတွေ သိုလှောင်ဖြန့်ဖြူးရောင်းချတဲ့ အဆင့်တိုင်းမှာ ဆေးအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အပူချိန်နဲ့ စိုထိုင်းဆအတိုင်းထားသိုဖို့ လိုအပ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဆေးဝါးထားသိုမှုနဲ့ ပတ်သက်လို့ အားနည်းချက်တွေရှိနေပါတယ်။