မြေနီကုန်း ခုံးကျော်တံတားပေါ် ရဲကားဗုံးပေါက်

2021.07.02
မြေနီကုန်း ခုံးကျော်တံတားပေါ် ရဲကားဗုံးပေါက် ၂၀၂၁၊ ဇူလိုင် ၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရဲကားတစ်စီးကို ရန်ကုန်မြို့၊ မြေနီကုန်း ခုံးကျော်တံတားပေါ်မှာ တွေ့ရစဉ်
Photo: Citizen Journalist

ရန်ကုန်မြို့၊ မြေနီကုန်း ခုံးကျော်တံတားပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး စာတမ်းကို လာဖြုတ်တဲ့ ရဲကား တစ်စီးဟာ ဒီနေ့ ဇူလိုင် ၂ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ကိုယ်တိုင်တွေခဲ့တဲ့ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။

"အဲဒီစာကို လာဖြုတ်တယ်။ ကားတစ်စီးလောက်ပဲ ပါတယ်။ ဓာတ်ပုံရိုက်တယ်။ လာဖြုတ်တယ်။ ဖြုတ်ပြီးတော့ ကားနောက်ဖုံးထဲ ထည့်လိုက်တယ်။ ကားနောက်ဖုံးထဲထည့်ပြီး တံခါးတောင် မပိတ်ရ သေးဘူး။ ချက်ချင်းပဲ အဲဒါက ထပေါက်တာပေါ့နော်။" ကိုယ်တိုင်တွေ့သူက ပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးစာတမ်းကို လာရောက်ဖြုတ်ယူတဲ့ ရဲကားမှာ စစ်ကောင်စီလက်အောက်ခံ ရဲ လေးယောက် ပါဝင်ပြီး ထိခိုက်သူမရှိဘူးလို့လည်း ဆိုပါတယ်။

ပေါက်ကွဲပြီးနောက်မှာတော့ ရဲတွေ၊ စစ်သားတွေ ရောက်လာပြီး တိုက်တွေကို သေနတ်နဲ့ ချိန်ရွယ်တာ ရှိခဲ့သလို လမ်းတွေကိုလည်း တစ်နာရီဝန်းကျင်လောက် ပိတ်ဆို့ထားခဲ့ပါတယ်။

ပေါက်ကွဲခဲ့တဲ့ ရဲကားကိုတော့ ပြန်လည်မောင်းနှင်သွားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။