သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-08
နှစ်ဖက်အပစ်အခတ်တွေ အများဆုံးဖြစ်နေတဲ့ ဒေသတွေမှာ ဒေသခံအပစ်ခတ်စောင့်ကြည့်ရေး အဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းသွားဖို့ လိုအပ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။
2018-05-08
ရှမ်းပြည်နယ် နမ္မတူမြို့နယ် နားဆိုင်းကျေးရွာဘူတာရပ်ကွက်အတွင်းမှာ မနေ့က လက်နက်ကြီးကျည် ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦးက လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
2018-05-08
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတွေမှာ အုပ်ချုပ်ရေးဦးစီးဌာနတွေနဲ့ မြေစာရင်းက တာဝန်ရှိသူတွေကို ထည့်သွင်းတာဝန်ပေးတာ ဟာ မြေယာပြဿနာတွေကို ဖြေရှင်းဖို့ခက်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့ မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ဒီနေ့ ပြောပါတယ်။
2018-05-08
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အောင်လောဒ့်ကျေးရွာက စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ဟာ ဒီနေ့ ညနေပိုင်းမှာ မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိလာတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။
2018-05-08
ရခိုင်ပြည်နယ် အမ်းမြို့နယ်က ကျေးရွာလေးခုမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က တရုတ် CNPC နဲ့ မြန်မာ MOGE ကုမ္ပဏီတို့ကို ကျိန်စာတိုက်ဆန္ဒပြခဲ့တဲ့ ဒေသခံ ၄ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေနဲ့ ဒီနေ့တရားစွဲဆိုလိုက်ပါတယ်။
2018-05-08
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းအကောင်အထည်ဖော် ဖို့ ပြည်နယ်အစိုးရနဲ့ တရုတ်နိုင်ငံ ယူနန်ထိန်ချုံး ဟိန်ရုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့အကြား ဒီကနေ့ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးလိုက်ပါတယ်။
2018-05-08
မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် မွတ်စလင်တွေကို NVC ကတ်တွေ ထုတ်ပေးပြီး နိုင်ငံ တဝှမ်း လွတ်လပ်စွာသွားလာခွင့်ပြုမယ်ဆိုတဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ပြောကြားချက်တွေဟာ ဥပဒေတွေနဲ့ ဆန့်ကျင်နေကြောင်း ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-05-08
ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ KIA ကချင်လွတ်မြောက်ရေးအဖွဲ့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကို စစ်ပြေး ဒုက္ခသည် သုံးထောင်နီးပါး ထွက်ပြေးလာသလို၊ တိုက်ပွဲကြားမှာ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။
2018-05-08
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာရှိတဲ့ ထိန်ပင်အမှိုက်ပုံမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစလို့ မီးလောင်ကျွမ်းခဲ့တာ ၁ဝ ရက်ကျော် ကြာခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှာတော့ ရာနှုန်းပြည့် မီးငြိမ်းသတ်နိုင်ပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အတည်ပြု ပြောလိုက်ပါတယ်။
2018-05-08
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ထဲမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်- RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA အကြား တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။
2018-05-08
နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား NVC ကိုင်ဆောင်သူတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိတယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး နေပြည်တော် ပျဉ်းမနားမြို့နယ်က ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရုံးမှာ မေလ ၇ ရက်နေ့က ကန့်ကွက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-05-08
ရှမ်းပြည်နယ် သံလွင် အထက်ပိုင်း မိုင်းတုံ ရေကာတာ စီမံချက်အကောင်အထည်ဖော်ဖို့ အရင် စစ်အစိုးရလက်ထက် ၂၀၁၀ ကတည်းက တရုတ်ကုမ္ပဏီတွေနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။
2018-05-08
မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးနိုင်မယ့် မွန်တိုင်းရင်းသားတွေရဲ့ သဘောထား အချက် အလက်တွေရရှိခဲ့ပြီလို့ သိရပါတယ်။
2018-05-08
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆွစ်ဇာလန် ဝါရင့်အမျိုးသမီးသံအမတ်ကြီး Christine Schraner Burgener ကို ခန့်အပ်ခြင်းအပေါ် မြန်မာအစိုးရ က သဘောတူ လက်ခံလိုက်ပြီဖြစ်ပါတယ်။
2018-05-08
အစိုးရတပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒါဏ်ခံနေရတဲ့ မန်ဝယ် ( လိုင်နောင်းခူ ) ရွာသားတွေကို ဘေးကင်းရာတွေမှာ နေရာချထားပေးနိုင်ပြီဆိုမှသာ မနောကွင်းမှာ စုဝေးနေတဲ့ ကချင်လူငယ်တွေက သူတို့ရဲ့ သပိတ်စခန်းကို ရုပ်သိမ်းမှာလို့ ပြောပါတယ်။