သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-06
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးကို ရန်ကုန်မြို့ NRPC မှာ မေလ ၃ ရက်နေ့ကနေ ဒီနေ့ မေလ ၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
2017-05-06
သြင်္ကန်ကာလအတွင်း နေရပ်ပြန်တဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သတ်မှတ်ထားတဲ့ ကာလ ဧပြီလ ၃၀ ရက်အတွင်း ထိုင်းနိုင်ငံကို ပြန်မရောက် ပါက ပြည်ဝင်ခွင့် ၅ နှစ်ပိတ်သိမ်းမှာဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားပါတယ်။
2017-05-06
အရင် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစားငွေချေးလုပ်ငန်းက ပြန်ပေးဖို့ ကတိပြုထားတဲ့ မကွေးတိုင်းအစိုးရ ဖွံ့ဖြိုးရေးရန်ပုံငွေတွေထဲက ကျပ်သန်းပေါင်း ၈ ရာ ပြန်လည်ရရှိထားပြီလို့ မကွေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ပြောလိုက်ပါတယ်။
2017-05-06
နေပြည်တော်ဇေယျာသီရိမြို့နယ်မှာ တပ်မတော်က သိမ်းယူထားတဲ့ လွှဲကြီးကျေးရွာက အိမ်ခြေ ၅၁လုံးအတွက် အဲဒီမြို့နယ်ကပုပ္ပါးကုန်းကျေးရွာ မှာ နေပြည်တော်ကောင်စီက အစားထိုးမြေနေရာပြန်လည် ပေးအပ်ခဲ့ပါတယ်။
2017-05-05
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ဒုဋ္ဌဝတီမြစ်ထဲမှာ ပလပ်စတစ်အိတ်တွေ အမှိုက်တွေနဲ့ ပြည့်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2017-05-05
မေလအတွင်း အပူချိန်လွန်ကဲနေတဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးထားပါတယ်။
2017-05-05
ရခိုင်ဒေသအရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်- ဟာဂျီဦးအေးလွင်ကို ကျမတို့ ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဝါရှင်တန်ဒီစီ မြို့တော် RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-05-05
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-05-05
ရန်ကုန်ကမ်းနားလမ်းညဈေးက ဆိုင်ခန်းယူထား ပြီး ဈေးလာမရောင်းတဲ့ဈေးသည်တွေကို မေလ ၁ဝ ရက်နေ့ နောက်ဆုံးထား ဆိုင်ပြန်ထွက်ကြဖို့ ရန်ကုန်တိုင်းအစိုးရ၊ မြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးစာတွေ ထုတ်ပြန်လိုက်ပါတယ်။
2017-05-05
ရန်ကုန်က ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Water Taxi ပြေးဆွဲဖို့ စီစဉ်နေပါတယ်၊ ရေလမ်းခရီးမို့ ပြည် သူတွေ ဘေးအန္တရာယ်ကင်းရှင်းနိုင်ရေး ဘယ်လို အစီမံတွေ လုပ်ထားသလဲဆိုတဲ့အပေါ် စိုးရိမ်မှုတွေ လည်း ရှိနေကြပါတယ်။
2017-05-05
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ EU ဒုတိယဥက္ကဌ ဖယ်ဒရီးကား မိုဂေရိနီ (Federica Mogherini) တို့ မေလ ၂ ရက်နေ့က ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်ကိုစေလွှတ်မယ့် UN အချက်အလက်ရှာဖွေရေးအဖွဲ့ကို လူသိရှင်ကြားထောက်ခံဖို့နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ကြပါတယ်။
2017-05-05
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၅ ရပ်ကွက်မှာနေထိုင် တဲ့ ရှေ့နေ ကိုသိန်းဇော်ဇော်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ တရားစွဲပြီးနောက် မေလ ၄ ရက် မနေ့က အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
2017-05-05
အရင် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေး စားငွေချေးလုပ်ငန်းက ပြန်ပေးဖို့ ကတိပြု ထားတဲ့ မကွေးတိုင်းအစိုးရ ဖွံ့ဖြိုးရေးရန်ပုံငွေတွေထဲက ကျပ်သန်းပေါင်း ၈ ရာ ပြန်လည်ရရှိထားပြီလို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောလိုက်ပါတယ်။
2017-05-05
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ မြန်မာ့ တပ်မတော်ကို ပုတ်ခတ်ပြောဆိုချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့တုန့်ပြန်မှုတွေ ဆောင်ရွက် သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီနေ့ ကြေညာချက်နဲ့ ပတ်သက်လို့ ဦးဝင်းထိန်ကို RFA ကဆက်သွယ်မေးမြန်း တဲ့အခါ သူ့သဘောထားမှတ်ချက် မပေးလိုကြောင်း ငြင်းဆို ပါတယ်။
2017-05-05
ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို ခိုးဝင်မယ့် မြန်မာ ၃၅ ယောက်ကို ထိုင်း ရဲတွေက ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။