ကမ်းနားလမ်း ညဈေးသည်တွေ ဆိုင်ပြန်ထွက်ကြဖို့ သတိပေးစာထုတ်ပြန်ခံရ
2017.05.05
ရန်ကုန်ကမ်းနားလမ်းညဈေးက ဆိုင်ခန်းယူထားပြီး ဈေးလာမရောင်းတဲ့ဈေးသည်တွေကို မေလ ၁ဝ ရက်နေ့ နောက်ဆုံးထား ဆိုင်ပြန်ထွက်ကြဖို့ ရန်ကုန်တိုင်းအစိုးရ၊ မြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးစာတွေ ထုတ်ပြန်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။