လုပ်ငန်းခွင်အချိန်မီ မရောက်သူ မြန်မာများ ဗီဇာ ၅ နှစ်ပိတ်ခံရ


2017.05.06

သြင်္ကန်ကာလအတွင်း နေရပ်ပြန်တဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သတ်မှတ်ထားတဲ့ ကာလ ဧပြီလ ၃၀ ရက်အတွင်း ထိုင်းနိုင်ငံကို ပြန်မရောက် ပါက ပြည်ဝင်ခွင့် ၅ နှစ်ပိတ်သိမ်းမှာဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားပါတယ်။

လက်ရှိအချိန်မှာတော့ အချိန်မီပြန်မရောက်သူတွေကို ပြင်းထန်တဲ့ ထောင်ဒဏ်တွေ မချမှတ်ဖို့ အတွက်ပဲ အလုပ်သမားသံအရာရှိရုံးက ထိုင်းအစိုးရထံ ပန်ကြားပေးဖို့သာ တတ်နိုင်တော့တယ်လို့ မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

ဦးမိုးကြိုးကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။