သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-05
ပြည်သူ့လွှတ်တော် အဆောက်အအုံ အတွင်းမှာ လွှတ်တော်ရုံးအမျိုးသမီးဝန် ထမ်းတစ်ဦး ဒီနေ့ မနက်ပိုင်းက ဓားထိုးခံ ခဲ့ရပါတယ်။
2016-10-04
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ မှုခင်းဖြစ်ပွားမှုတွေ များလာတဲ့ အတွက် စီမံချက်ရေးဆွဲဆောင်ရွက်ပေးဖို့ တပ်ကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့် က နေပြည်တော်ကောင်စီ တာဝန်ရှိသူတွေထံ တင်ပြ တောင်းဆိုလိုက်ပါတယ်။
2016-10-04
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ နှစ်ထောင်ဝန်းကျင်လောက် နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
2016-10-04
စက်တင်ဘာ ၄ ရက် မနေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်း သည့် ဥပဒေကြမ်းကို အတည်ပြု မှတ်တမ်းတင်လိုက် ပါတယ်။
2016-10-04
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာများစွာ ထဲက တစ်ခုကတော့ စက်ရုံတွေက စွန့်ပစ်တဲ့ ရေ ဆိုးတွေရဲ့ အန္တရာယ်ဖြစ်ပါတယ်။
2016-10-04
မြန်မာနိုင်ငံက လက်ရှိတရားဥပဒေစိုးမိုးမှုအခြေအနေနဲ့ တရားရုံးကချမှတ်တဲ့ ပြစ်မှုပြစ်ဒဏ်မမျှတတဲ့ အခြေအနေတွေ အပေါ် ဝေဖန်မှုတွေရှိနေတာနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-10-04
အစိုးရအကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေမှာ လွှတ်တော်အပိုင်းက ပံ့ပိုးကူညီကြဖို့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စား လှယ်တွေကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက တိုက်တွန်းလိုက်ပါတယ်။
2016-10-04
နည်းပညာတက္ကသိုလ်တွေမှာ သင်ကြားနေတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီ၊ ဆရာများသမဂ္ဂတို့နဲ့ လာမယ့် ဒီဇင်ဘာလမှာ တွေ့ဆုံဆွေးနွေးလိုတယ်လို့ နည်းပညာတက္ကသိုလ် ၇ ခုက သမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၁၀ ဦးကျော်က ဒီနေ့ ပြောပါတယ်။
2016-10-04
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်၊ ကြံခင်းနဲ့ အင်္ဂပူမြို့နယ်မှာရှိတဲ့ ရေနံချက် ဖိုတွေဟာ သစ်တောပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အတွက် ပိတ်သိမ်းဖို့ အဆိုကို ဧရာဝတီတိုင်း လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-10-04
ရှမ်းပြည်နယ် မိုင်းကိုင်မြို့ တုံလောင်းမြို့နယ်ခွဲက ပန်ပွဲကျေးရွာအုပ်စုအတွင်းမှာ အစိုးရနဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံနှစ်ထောင် နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2016-10-04
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ဓမ္မာရုံတစ်ခုမှာ ဓမ္မစကြာရွတ်ဖတ်နေစဉ် ဓမ္မာရုံထဲဝင်ရောက်ပြီး အသံချဲ့စက် ပိတ်ခဲ့တဲ့ နယ်သာ လန်နိုင်ငံသား Mr.Klaas ကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) တို့နဲ့ စွဲချက်တင်ဖို့ မဟာအောင်မြေမြို့နယ် တရားသူကြီးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-10-04
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တင်ပြဆွေးနွေးမယ့် မေးခွန်းနဲ့အဆိုတွေ၊ အစည်းအဝေး အစီအစဉ်တွေအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌတွေ အကြိုညှိနှိုင်းအစည်းအဝေးလုပ်တဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
2016-10-04
ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းလောက်ကစခဲ့တဲ့ ကရင်ပြည်နယ်အတွင်း DKBA ခွဲထွက်အဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ စက်တင်ဘာလအတွင်းမှာပါ မပြတ်နိုင်သေးဘဲ ဖြစ်နေပါတယ်။
2016-10-04
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်၊ ကြံခင်းနဲ့ အင်္ဂပူမြို့နယ်တို့မှာရှိနေတဲ့ ရေနံချက်ဖိုတွေဟာ သစ်တောပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အတွက် ပိတ်သိမ်းပေးဖို့ မြန်အောင် မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်စုစုအောင်က ဒီကနေ့ တိုင်းလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
2016-10-04
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီးမှာ စက်မှုရပ်ကွက်အဖြစ် အရင်အစိုးရ လက်ထက်က သိမ်းထားတဲ့ မြေဧက ၅၀၀ ကျော်ထဲက တချို့ကို ဌာနဆိုင်ရာ အရာရှိတွေနဲ့ နီးစပ်ရာပုဂ္ဂိုလ်တွေ အသီးသီးခွဲဝေယူခဲ့ကြတဲ့ကိစ္စဟာ အရင်ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနဲ့ မသက်ဆိုင်ဘူးလို့ ဦးမောင်မောင်အုန်းက ငြင်းဆိုလိုက်ပါတယ်။