မြေခွဲဝေယူသူတွေထဲမှာ မပါဝင်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ငြင်းဆို


2016.10.04

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီးမှာ စက်မှုရပ်ကွက်အဖြစ် အရင်အစိုးရ လက်ထက်က သိမ်းထားတဲ့ မြေဧက ၅၀၀ ကျော်ထဲက တချို့ကို ဌာနဆိုင်ရာ အရာရှိတွေနဲ့ နီးစပ်ရာပုဂ္ဂိုလ်တွေ အသီးသီးခွဲဝေယူခဲ့ကြတဲ့ကိစ္စဟာ အရင်ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနဲ့ မသက်ဆိုင်ဘူးလို့ ဦးမောင်မောင်အုန်းက ငြင်းဆိုလိုက်ပါတယ်။


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းတစ်ဦးလည်းဖြစ်ပြီး လက်ရှိ အမ်းမြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဦးမောင်မောင်အုန်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။