0:00 / 0:00
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ နှစ်ထောင်ဝန်းကျင်လောက် နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ဒုက္ခသည်တွေကို မိုင်းကိုင်မြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ နမ့်နမ်မြို့ တုံလျောင်းရွာက ဘုန်းကြီးကျောင်းမှာ ဒုက္ခသည်စခန်း ဖွင့်ပေးထားတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းလူငယ်အဖွဲ့ဝင် ကိုစိုင်းအောင်မြင့်ဦးက ပြောပါတယ်။
ကိုစိုင်းအောင်မြင့်ဦးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။