သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-01
ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်တစ်ခုတည်းနဲ့ မလုံလောက်ဘဲ နိုင်ငံရေးနည်းလမ်းတွေ နဲ့ ဖြေရှင်းဖို့လိုအပ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ပြော လိုက်ပါတယ်။
2013-10-01
ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် အတွင်းမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား နှစ်ဦးနှစ်ဘက် သင့်မြတ်စွာအတူနေထိုင်ကြဖို့ ဒီနေ့မနက် မောင်တော မြို့နယ်က နှစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2013-10-01
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေ တိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သဗြုချိုင်ကျေးရွာနှစ်ရွာမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် မွတ်စလင် အမျိုးသမီး ၁ ဦးသေဆုံးပြီး၊ နေအိမ် ၇၀ကျော် မီးရှို့ ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
2013-10-01
တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေး ထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆို လိုက်ပါတယ်။
2013-10-01
မွန်အမျိုးသားလုံး ပါဝင်နိုင်မယ့် ညီလာခံကျင်းပရေးနဲ့၊ တိုင်းပြည်မှာ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ပထမဆုံးအကြိမ် မွန်အမျိုးသား စုံညီ ညီလာခံကို မော်လမြိုင်မြို့မှာ ကျင်းပနေပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ဆက်ပေးထားပါတယ်၊
2013-10-01
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီသိမ်နဲ့ သာသနိက အဆောက်အအုံတွေ ထိန်းသိမ်းရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ပေးဖို့ သံဃာတွေနဲ့ လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတွေ မနေ့က မန္တလေးမြို့ကနေ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ လမ်းလျှောက်ဆန္ဒပြသူတွေ အကြား စစ်ကိုင်းမြို့မှာ သဘောတူညီချက် ရခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-10-01
ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-10-01
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက ကောက်နှုတ် တင်ပြထားပါတယ်။
2013-10-01
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလား ဆိုတာကို ပြည်သူတွေရဲ့ သဘောထားဆန္ဒ ရယူပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက စက်တင်ဘာလ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-10-01
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့တာပါ။