လက်ပံတောင်းတောင်အရေး လမ်းလျှောက်ဆန္ဒပြပွဲ
2013.10.01
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီသိမ်နဲ့ သာသနိက အဆောက်အအုံတွေ ထိန်းသိမ်းရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ပေးဖို့ သံဃာတွေနဲ့ လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတွေ မနေ့က မန္တလေးမြို့ကနေ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ လမ်းလျှောက်ဆန္ဒပြသူတွေ အကြား စစ်ကိုင်းမြို့မှာ သဘောတူညီချက် ရခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။