သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-02
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နေပြည်တော်မှာရှိတဲ့ “တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ” အဆောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ရွေကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေး၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံရရှိမှု အခြေအနေစတာတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ်တင်ပြထားပါတယ်။
2014-08-01
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ဆိုတဲ့ ငြိမ်းချမ်းရေးဆုကို ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံက နော်အုန်းလှနဲ့မသန္တာတို့ ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့နဲ့ တစ်ဦးချင်းအဖြစ် နိုင်ငံရေးအကျဉ်း သူဟောင်း မဝေဝေနုနဲ့ တိုင်းရင်းသားအရေးလှုပ်ရှားသူ မိခင်ခင်ကြူတို့ရရှိပါတယ်။
2014-08-01
ရန်ကုန်တိုင်းအတွင်း တရားရုံး ၁၂ ရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ဒီမိုကရေစီစဉ်ဆက် မပြတ် လှုပ်ရှားသူများ အင်အားစု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို တောင်ဒဂုံမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၁ နှစ် ထပ်မံချမှတ်လိုက်တဲ့ အတွက် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ရှိသွားပြီလို့သတင်း ရရှိပါတယ်။
2014-08-01
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် နိုင်မယ်လို့ ယူဆကြောင်းနဲ့ ပြည်ထောင်စု လွှတ်တော်ထံ တင်ပြဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက ပြင်ဆင်နေတာ အခုဆိုရင် ၈၀ ရာခိုင်နှုန်းလောက်ပြီးစီးနေ ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။
2014-08-01
ဖမ်းဆီးခံထားရတဲ့ သတင်းမီဒီယာ သမားတွေနဲ့ စစ်ဆေးမေးမြန်းခံရတဲ့ သတင်းမီဒီယာသမားတွေ နစ်နာမှုမရှိအောင် အစိုးရက ကြိုးပမ်းဆောင်ရွက်ပေးသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ ဒီနေ့ တွေ့ဆုံ စဉ် သဘောတူခဲ့ကြောင်း သိရပါတယ်။
2014-08-01
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဟာ အဓိက ကျကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။
2014-08-01
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ ရလာဒ်ကောင်းတွေ ချမှတ်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။
2014-08-01
လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန အတွက် ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနအတွက် ဒုတိယ ဝန်ကြီး ဒေါက်တာသန်းအောင်တို့ကို ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက် ပါတယ်။
2014-08-01
အသက်မပြည့်ဘဲ တပ်မတော်မှာ စစ်မှုထမ်းခဲ့ကြတဲ့ ကလေးစစ်သား ၉၁ ယောက်ကို မိဘတွေထံ ပြန်လည် အပ်နှံတဲ့ အခမ်းအနားကို ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-08-01
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ ကျမတို့ ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-08-01
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကံတောင်ကျေးရွာအနီးက ရွှေတူးဖော်နေတဲ့ ရွှေတွင်းတစ်ခုကို တရားမဝင် ရွှေတူးဖော်နေတယ်လို့ဆိုပြီး ပြင်ဦးလွင်ခရိုင် ရဲတာဝန်ရှိတွေက ဝင်ရောက်ဖမ်းဆီခဲ့တာကြောင့် ရွှေအင်းတွင်းတွေထဲမှာ ရွှေတူးလုပ်သား တစ်ရာနီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။
2014-08-01
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ရပ်နားချိန်မှာ လွှတ်တော်ရေးရာကိစ္စတွေ ဆောင်ရွက်ဖို့ အသုံးစရိတ်အဖြစ် ကျပ်လေးသိန်းထက်မပိုတဲ့ ကြိုတင်ငွေ ထုတ်ယူနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-08-01
လှိုင်သာယာမြို့နယ်မှာရှိတဲ့ Master Sports စက်ရုံက အလုပ်သမားတွေဟာ စက်ရုံပိုင်ရှင်က ပေးလျော်တဲ့ငွေကြေးကို ရယူပြီးဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောဆိုတယ်ဆိုတဲ့ သတင်းကို ဒီအပတ်ထုတ် ပြည်မြန်မာဂျာနယ်မှာ ပါရှိခဲ့တာကြောင့် အဲဒီသတင်းဟာ မဟုတ်မှန်တဲ့အကြောင်း အလုပ်သမားကိုယ်စားလှယ်တွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက်မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။