သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-01
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အဓိကစိန်ခေါ်မှုတစ်ခုဟာ ဒေသအဆင့် အစိုးရအဖွဲ့အစည်းတွေအပေါ် အများစုက ယုံကြည်မှုကင်းမဲ့နေတဲ့အချက်ပဲဖြစ်တယ်လို့ TBC ခေါ် နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ က ဝေဖန်ထောက်ပြလိုက်ပါတယ်။
2013-11-01
အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက အခုအချိန်ထိ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းအက်ဥပဒေကို မဖျက်သိမ်းဘဲ ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောလိုက် ပါတယ်။
2013-11-01
အစိုးရက လက်ရှိဆောင်ရွက်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဟာ ပြည်သူတွေလိုလားတောင့်တနေတဲ့ ပြုပြင်ပြောင်း လဲရေး မဟုတ်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ကိုသံခဲက ဒီနေ့ ပြောလိုက်ပါတယ်။
2013-11-01
ပုဒ်မ ၁၈ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
2013-11-01
ကေအိုင်အိုဌာနချုပ် တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ ရေဒီယိုက ထုတ်လွှင့်တဲ့ လစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
2013-11-01
ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်ပြီး ရခိုင်ပြည်နယ်အတွင်းက ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေအတွက် လုံခြုံရေးသင်တန်းတစ်ခုကို စစ်တွေမြို့က ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာလ ၁ ရက်နေ့အထိ ငါးရက်ကြာပြုလုပ်နေပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-11-01
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ အောက်တိုဘာ လ ၃ဝ ရက်၊ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေသွေးက လွိုင်ကော်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
2013-11-01
နိုဝင်ဘာလကစပြီး စက်မှုဇုန်တွေမှာ လျှပ်စစ်သုံးစွဲခ ကောက်ခံမှုနှုန်းထားကို တစ်ယူနစ် ၇၅ ကျပ်ကနေ ၁၅ဝ အထိ တိုးမြင့်ကောက်ခံမယ့် အစီအစဉ်ဟာ အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ မန္တလေးစက်မှုဇုန် လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-11-01
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ခေါင်းဆောင်တွေရဲ့ ညီလာခံကို ဒီကနေ့ အောက်တိုဘာ ၃၁-ရက် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။ ဒီညီလာခံနဲ့ ပတ်သက်လို့ ကချင်တိုင်းရင်းသားဒေသခံတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-11-01
လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သမဝါယမ ဝန်ကြီးဌာန ဝန်ကြီးတွေရဲ့ ခရီးသွားလာရေးစရိတ် ဓါတ်ဆီ စက်ဆီအသုံးစရိတ် တင်ပြတောင်းခံငွေဟာ များပြားလွန်းနေကြောင်း ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြဆွေးနွေးခဲ့ပါတယ်။
2013-11-01
မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှု ကျဆင်းရေး ဆောင်ရွက်နေသော်လည်း၊ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောကြားပါတယ်။
2013-11-01
အီတလီနိုင်ငံကိုရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံမြောက်ပိုင်း Parma မြို့မှာ ဂုဏ်ထူးဆောင်မြို့သူဆုကို ကြာသပတေးနေ့ မနေ့ မနက်ပိုင်းက လက်ခံခဲ့ပါတယ်။