သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-06
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ MCL မော်လမြိုင် ဘိလပ်မြေစက်ရုံက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ ၂ ရုံဟာ ခွင့်ပြုမိန့်မရှိဘဲ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးဖို့ စက်တင်ဘာလ ၅ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။
2017-09-06
ကလေးအလုပ်သမားတွေနဲ့ အိမ်အကူ မိန်းကလေးတွေအပေါ် အလုပ်ရှင်တွေ အိမ်ရှင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ ကာကွယ်ဖို့အတွက် ဝန်ကြီးဌာန ၅ ခု ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဒီနေ့ တိုင်းလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2017-09-06
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒီကနေ့မှာတော့… ဒီလှုပ်ရှားမှုအတွင်း Europe Press Photo Agency ဓာတ်ပုံ သတင်းထောက်တယောက်အဖြစ် သတင်းဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ လောအယ်စိုး ရဲ့ ပြောကြားချက်တွေကို ထုတ်လွှင့်မှာပါ။
2017-09-06
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက် ခိုက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ အရေအတွက်ဟာ ဒီနေ့အချိန်အထိ ၄၀၀၀ ကျော် ရှိလာနေပြီး ဘုန်းတော် ကြီးကျောင်းတွေမှာ ဖွင့်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်း ၂၁ ခုမှာ နေရာချပေးထား ရတယ်လို့ ကူညီကယ် ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါ တယ်။
2017-09-06
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရက ခိုင်မာစွာ ရပ်တည်ပေး တဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
2017-09-06
မန္တလေးမြို့မှာ အစိုးရသစ်ဖြုတ်ချရေး သပိတ်မှောက်ခဲ့တဲ့ ဝရမ်းပြေး သံဃာ နှစ်ပါးနဲ့ လူပုဂ္ဂိုလ် လေးဦးကို တစ်လကြာတဲ့အထိ ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိမှု မရှိသေးပေမယ့် အမှုကိုတော့ သူတို့တွေရဲ့ မျက်ကွယ်မှာ စတင်စစ်ဆေးသွားမယ်လို့ ချမ်းမြသာစည်မြို့နယ်တရားရုံးက ဒီကနေ့အမိန့်ချမှတ်ခဲ့ပါတယ်။
2017-09-06
ဗန်းမော်ခရိုင်အတွင်းက စစ်ဘေးကယ်ဆယ်ရေးစခန်းတွေအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ် ၉၀၀ ကျော်နဲ့ အဝတ်အထည်၊ အပ်ချုပ်စက်၊ ကျောင်းသုံးစာအုပ်၊ အားကစားပစ္စည်း စတာတွေကို မနေ့က လှူဒါန်းခဲ့ပါတယ်။
2017-09-06
အင်ဒိုနီးရှားနိုင်ငံမှာ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြတာတွေဖြစ်နေတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံ ကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ဂရုစိုက်သွားလာနေထိုင်ကြဖို့နဲ့ အရေးကြီးကိစ္စရှိရင် ဂျကာတာမြို့က မြန်မာသံရုံးကို ဆက်သွယ်အကူ အညီ တောင်းခံနိုင်ကြောင်း ဂျကာတာမြို့မှာရှိ တဲ့ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
2017-09-06
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို ကမ္ဘာက အမြန်ဆုံးနဲ့ အခြေအနေအမှန်တွေသိခဲ့တာမှာ သတင်းသမားတွေရဲ့အခန်းကဏ္ဍဟာ အရေးပါတဲ့နေရာမှာရှိခဲ့ပါတယ်။
2017-09-06
မြန်မာနိုင်ငံတွင်းက မွတ်စလင်တွေ ဖိနှိပ်ခံရမှုတွေအပေါ် မြန်မာအစိုးရအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက တောင်းဆိုမှုတွေရှိနေတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြန်ကြားရေးအဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင် မုံရွာဦးအောင်ရှင် ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-09-06
မြန်မာနိုင်ငံမှာ မွတ်စလင်တွေ ဖိနှိပ်ခံနေတယ်ဆိုတဲ့ အစီရင်ခံစာတစောင်ကို ထိုင်းနိုင်ငံအခြေစိုက် Burma Human Rights Network - BHRN ဆိုတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး ကွန်ရက်အဖွဲ့က မနေ့က ထုတ်ပြန်ခဲ့ပြီး၊ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2017-09-06
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တူရကီနိုင်ငံသမ္မတ အာဒိုဂန်ရဲ့ ဖုန်းခေါ်မှုအား လက်ခံပြောဆိုပြီး ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေးကြကြောင်း နိုင်ငံတော်အတုင်ပင်ခံရုံးက မနေ့က သတင်းထုြတ်ပန်ပါတယ်။
2017-09-06
နေပြည်တော် ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေမှာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ အတွက် ပြင်ဆင်ဆောင်ရွက်နေတဲ့ သတင်းတွေ ရရှိထားတယ်လို့ အစိုးရရဲ့ သတင်း ထုတ်ပြန်ရေးကော်မတီက စက်တင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2017-09-06
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းမှာပါ မတည် မငြိမ်တွေ ဖြစ်လာနိုင်တဲ့အတွက်၊ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီအခြေအနေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်တရက်စ် က ပန်ကြားလိုက်ပါတယ်။
2017-09-05
ဆက်လက်ပြီး ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့်အထူးအစီအစဉ်ကို RFA အဖွဲ့သား ဦးသစ်ဆင်းနဲ့ ဦးရဲစည်သူကာ တို့က တင်ဆက်ထားပါတယ်။