ခွင့်ပြုမိန့်မရှိတဲ့ MCL ဓာတ်အားပေးစက်ရုံ
2017.09.06
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ MCL မော်လမြိုင် ဘိလပ်မြေစက်ရုံက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံဟာ ခွင့်ပြုမိန့်မရှိဘဲ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးဖို့ စက်တင်ဘာလ ၅ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။