သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-11
မြန်မာနိုင်ငံအကြောင်း သတင်း၊ ဆောင်းပါးတွေရေးနေ ကြတဲ့ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေရဲ့ Gmail တွေထဲကို ဝင်ရောက်ထိုးဖေါက်ဖို့ ကြိုးစားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ မပတ်သက်ကြောင်း မြန်မာအစိုးရက မနေ့က ငြင်းဆိုခဲ့ပါတယ်။
2013-02-11
ပြည်ထောင်စုအစိုးရနဲ့ ကေအဲန်ယူ ကရင်အမျိူးသားအစည်းအရုံးတို့ အကြား ငြိမ်းချမ်းရေးတည်ဆောက်မှုကို ကြိုဆိုတဲ့ထောက်ခံပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဒီကနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်က အားကစားကွင်းမှာ ပထမဆုံး အကြိမ် ကျင်းပခဲ့ပါတယ်။
2013-02-11
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက် မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိပြီး၊ နေ့လည်ပိုင်းမှာ မြေပုံ မြို့က ဒုက္ခသည်စခန်းတွေကို လေ့လာခဲ့ပါတယ်။
2013-02-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့် မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့မှာ သုံးရက်ကြာ ကျင်းပမယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။
2013-02-11
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဒေသခံတွေထံက စစ်တပ်က သိမ်းခဲ့တဲ့ မြေနေရာတွေ ပြန်ပေး ဖို့ တောင်းဆိုတဲ့ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက် နေ့လည် ပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ဥတ္တရ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
2013-02-11
ကချင်ပြည်နယ်၊ ကေအိုင်အို ဌာနချုပ်တည်ရှိတဲ့ လိုင်ဇာမြို့အထိ ချီတက်ကြမယ့် ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအဖွဲ့ ဟာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ဒီကနေ့ နေ့လည်ပိုင်း မှာ မန္တလေးမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
2013-02-11
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းမယ့် ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ တရုတ်သံရုံးရှေ့ မှာ မြန်မာနိုင်ငံသား ၃ဝ ခန့်က ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
2013-02-10
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့က စတင်ပြီး အခမ်းအနားတွေ ကျင်းပနေပါတယ်။
2013-02-10
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျဉ်းမြို့နယ် ကျောက်လှည်း ဘီးကျေးရွာမှာ ခလရ (၁၄၈) စစ်တပ် က သိမ်းယူထားခဲ့တဲ့ လယ်ဧက တစ်ထောင်ကျော်ကို ဒေသခံတွေ ပြန်လည်လုပ်ကိုင် ခွင့်ပေးလိုက်ပြီလို့ တောင်သူတွေက ပြောပါတယ်။
2013-02-10
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ ဟာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ဒီကနေ့ဆိုရင် မန္တလေးတိုင်း၊ ပလိပ်မြို့ကို ရောက်ရှိနေပြီး လမ်းလျှောက်သူတွေ ထဲက သံဃာတော်တစ်ချို့နဲ့ လူပုဂ္ဂိုလ်တချို့ဟာ ပင်ပန်းမှုဒဏ် ခံစားနေရပါတယ်။
2013-02-10
ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်၊ Koh Phi Phi ခိုးဖီးဖီးကျွန်းက ထမင်းဆိုင်တစ်ဆိုင်မှာ အလုပ် လုပ်ကိုင်နေတဲ့ အသက် (၁၉) နှစ်အရွယ် မြန်မာ အလုပ်သမား ကိုသားသား ဆိုသူကို သြစတေးလျှသူ တစ်ဦး ဓါးထိုးခံရတဲ့အမှုမှာ တရားခံဖြစ်ပါတယ်လို့ ထိုင်းရဲကစွပ်စွဲပြီး တနေ့ထဲမှာတင် ရုံးတင်တရားစွဲဆို ပြီး ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။
2013-02-10
လမ်းဆုံက ဂျမ်းဘုံ အစီအစဉ်ကို လှည်းတန်းဈေးသူ မသဲအူ ရေးသားပြီး ဒေါ်ညိမ်းရွှေ ဖတ်ကြားတင်ဆက်ထားပါတယ်။ အပတ်စဉ် တနင်္လာနေ့ ညတိုင်း RFA မြန်မာပိုင်းအစီအစဉ် ကနေ တင်ဆက်နေပြီး ဒီအစီအစဉ်ကို ကြာသပတေးနေ့ မနက်ပိုင်းမှာ ပြန်လည်ထုတ်လွှင့်ပေးပါတယ်။
2013-02-09
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ မနေ့ညနေက သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။
2013-02-09
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ ၂ ဦးဟာ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကနေ ၂၂ရက်နေ့ထိ ဥရောပ ၃ နိုင်ငံကို ခရီးထွက်မယ်လို့ သိရပါတယ်။
2013-02-09
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးတွေဟာ ကချင်ပြည်နယ်ကို ဒီကနေ့ ရောက်ရှိ လာပြီး ပူတာအိုခရိုင်နဲ့ မြစ်ကြီးနားခရိုင်အတွင်း က ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ လေ့လာ တွေ့ဆုံခဲ့ပါတယ်။