သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-07
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေ သိန်းချီ ဒုက္ခရောက်နေကြတာကို နှုတ်ဆိတ်နေတဲ့အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု ပြန်ရုပ်သိမ်းဖို့ ကမ္ဘာတလွှားရှိ လူပေါင်း ၃ သိန်းခွဲကျော်ကျော်က အင်တာနက်ကနေ ဆန္ဒပြု လက်မှတ်ထိုးထားပေမယ့် အဲသလိုလုပ်မှာ မဟုတ်ဘူးလို့ နော်ဝေးနိုင်ငံမှာရှိတဲ့ နိုဘယ်ဆု ကော်မတီ ဥက္ကဌက ပြောကြားပါတယ်။
2017-09-07
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာမှာ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ သတင်းရတဲ့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးရောင်းချသူက သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ ကျောက်မဲမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး ဟန်ဝင်းလှိုင်က ပြောပါတယ်။
2017-09-07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ကို ဒီနေ့ ရောက်ရှိခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို မြို့ခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2017-09-07
အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ နတ်မောက်လမ်းက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လိုက်လံကြည့်ရှုခဲ့ပါတယ်။
2017-09-07
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ နဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကို နေပြည်တော်က အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-09-07
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကို နေပြည်တော်က အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-09-07
ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းဆိုတဲ့ အစိုးရရဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ၂ဝ၁၆ ခုနှစ်က ဆန္ဒပြခဲ့တဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၂ ဦးကို ဗဟန်းမြို့နယ်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၆ လစီချမှတ်လိုက်ပြီး၊ ကျန် ၁ ဦးကို ထောင်ဒဏ်တလ ချမှတ်လိုက်ပါတယ်။
2017-09-07
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒီကနေ့ မှာတော့… ဒီလှုပ်ရှားမှုကြီး မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတပါးဖြစ်တဲ့ အရှင်ဃောသိတအကြောင်း ထုတ်လွှင့်ပေးမှာပါ။
2017-09-07
ရခိုင်ပြည်နယ်က ပျက်စီးနေတဲ့ နယ်စပ်ခြံစည်းရိုးတွေကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ဖို့နဲ့ ခြံစည်းရိုးကာဖို့ ကျန်ရှိနေတဲ့နေရာတွေမှာ အမြန်ဆုံးကာရံနိုင်ဖို့အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်အစိုးရက ချက်ချင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားဖို့ မနေ့က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် အရေးကိစ္စများနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ ဆွေးနွေးကြပါတယ်။
2017-09-07
ရခိုင်ပြည်နယ်က မွတ်ဆလင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကြသူတွေဟာ ရွာခံတွေမဟုတ်ဘဲ အကြမ်းဖက်သင်တန်းတက်လာတဲ့ အစွန်းရောက်တွေဖြစ်တယ်လို့ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောပါတယ်။
2017-09-07
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်ဦးရေဟာ လေးထောင်ကျော်ရှိနေပြီး ကယ်ဆယ်ရေးစခန်း ၂၁ ခု ဖွင့်လှစ် ထားရှိပေးထားတယ်လို့ စစ်တွေအနောက် တံခါးဒေသ ကူညီစောင့်ရှောက်မှုအဖွဲ့ ကပြောပါတယ်။
2017-09-07
လယ်သိမ်းယာသိမ်းပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ၂၀၁၂ လယ်ယာမြေဥပဒေပါ အရေးတကြီး ပြင်ဆင်သင့်တဲ့ အချက်တွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထား ပါတယ်။
2017-09-07
ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်နိုင်အောင် တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးဖို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားထားလို့ အမြန်တွေ့နိုင်အောင် ပြင်ဆင်နေတယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ပြောပါတယ်။
2017-09-06
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က MCL ဘိလပ်မြေစက်ရုံမှာ ခွင့်ပြုမိန့်မရှိဘဲ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခု တည်ဆောက်ထားတာကို ဥပဒေနဲ့ အညီအရေးယူပေးဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ မွန်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးရာမှာ ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သဘောထား ကွဲလွဲခဲ့တာကြောင့် မဲခွဲခဲ့ရပါတယ်။
2017-09-06
မောင်တောဒေသအတွင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မောင်တောမြို့ပေါ်နဲ့ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်နေရသူတွေ၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေရသူ တွေထဲမှာ ဟိန္ဒူလူမျိုးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။