သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-09
ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံနံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူတွေဟာ ရက် ၂ဝဝ ပြည့်အဖြစ် ဒီနေ့ အစာငတ်ခံဆန္ဒပြနေကြပါတယ်။
2014-10-09
အင်းစိန်ထောင်အတွင်း ၇ ရက်ကြာ အစာငတ်ခံဆန္ဒပြနေတဲ့ MDCF ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို သူ့မိသားစုဝင်တွေက ဒီနေ့ ထောင်ဝင် စာတွေ့ဖို့ သွားရောက်ခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေ က တွေ့ဆုံခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။
2014-10-08
မိဘမဲ့ ကလေးငယ်တွေကို ထောက်ပံ့ကူညီရေး ရန်ပုံငွေပွဲအဖြစ် “ကရုဏာစမ်းရေ” လို့ အမည်ပေးထားတဲ့ ပန်းချီ၊ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက “အလင်းသစ်” ပန်းချီပြခန်းမှာ အောက်တိုဘာလ ၅ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြသနေပါတယ်။
2014-10-08
မြန်မာနိုင်ငံတဝှမ်းက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေကို အမေရိကန်နိုင်ငံအခြေစိုက် Alliance For Smiles Organization အဖွဲ့က ဆရာဝန်ကြီးတွေက ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ဒုတိယအကြိမ်အဖြစ် အခမဲ့ ခွဲစိတ်ကုသပေးနေပါတယ်။
2014-10-08
မြန်မာနိုင်ငံမှာ ကွမ်းယာစားတဲ့ဓလေ့ဟာ လူကြီးလူငယ်တွေအကြား တနေ့တခြား များပြားလာနေပါတယ်။
2014-10-08
RFA က ရုပ်မြင်သံကြား အစီအစဉ်တွေကို ကြည့်ရှုနေရတာပါ။ အခုတခါ ဗုဒ္ဓဟူးနေ့တိုင်း အပတ်စဉ် တင်ဆက်နေတဲ့ "အနုပညာကမ္ဘာ" အစီအစဉ်ကို ထုတ်လွှင့်ပေးပါမယ်။
2014-10-08
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြေတစ်ပေပတ်လည်ဈေးနှုန်းတွေကို ပြည်တွင်းအခွန်များ ဦးစီးဌာနက လေးသိန်းအထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
2014-10-08
ခါကာဘိုရာဇီတောင်အနီး ကယ်ဆယ်ရေးလုပ်ငန်း သွားလုပ်ရင်း အဆက်အသွယ်ပြတ်သွားတဲ့ ထိုင်းရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားသူ သုံးဦးအနက် နှစ်ယောက်ကိုသာ ပြန်တွေ့ ပြီး မြန်မာရဟတ်ယာဉ်မှူးကို ဆက်ရှာနေတယ်လို့ ထိုင်း ရဟတ်ယာဉ်ကုမ္ပဏီ အရာရှိတစ်ဦးက ပြောပါတယ်။
2014-10-08
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း စက်မှုဇုန်မှာရှိတဲ့ ‘လဝန်းမြန်မာ’ အထည်ချုပ်စက်ရုံမှာ လုပ်ခလစာမရကြသေးတဲ့ အလုပ် သမားတွေ မနေ့ ညပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
2014-10-08
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျုံပါချောင်းဝကျေးရွာမှာ လာမယ့် အောက်တိုဘာလ ၁ဝ ရက်နေ့ ကျင်းပမယ့် အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း တက်ရောက်မှာဖြစ်တာကြောင့် တည်ခင်းဧည့်ခံဖို့အတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံအာဏာပိုင်တွေက ကျေးရွာသူကျေးရွာသားတွေထံ က ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
2014-10-08
မနေ့က လွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ ဗိုလ်မှူးကြီးဟောင်း မင်းသူလည်း ပါဝင်ပါတယ်။
2014-10-08
ရန်ကုန်တိုင်းဒေသကြီးအတွင်း က မြေတစ်ပေပတ်လည်ဈေးနှုန်း ကို ပြည်တွင်းအခွန်များဦးစီးဌာန က အောက်တိုဘာလ ၇ ရက်နေ့မှာ ထပ်မံတိုးမြှင့်လိုက်ရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေက ပြောပါတယ်။
2014-10-08
ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံနံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်း ရက် ၂ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြ သူတွေက မနက်ဖြန် ကြာသပတေးနေ့မှာ အစာငတ်ခံ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2014-10-08
ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန်ခရီးသွား စုံတွဲ သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့ တယ်ဆိုတဲ့ နောက်ထပ် မြန်မာလူမျိုးတစ်ဦးကို မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က ဒီနေ့ ဘော်ဖုရဲစခန်းမှာ တွေ့ ဆုံခွင့်ရခဲ့တယ်လို့ သိရပါတယ်။
2014-10-08
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထား တဲ့ မြန်မာအလုပ်သမား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးရဲ့အမှုကို တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။