မိကျောင်းကန်သပိတ်စခန်း ရက် ၂၀၀ ပြည့် အစာငတ်ခံဆန္ဒပြ


2014.10.09
mechaungkan-hunger-strike-305.jpg မိကျောင်းကန်သပိတ်စခန်းဆန္ဒပြသူတွေကို အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Nay Myo Htun/RFA

ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူတွေဟာ ရက် ၂ဝဝ ပြည့်အဖြစ် ဒီနေ့ အစာငတ်ခံဆန္ဒပြနေကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်း အမြန်ဆုံးပြန် လွတ်ဖို့နဲ့ အစိုးရတာဝန်ရှိသူတွေက ဖြေရှင်းပေးတာ မရှိပဲ လျစ်လှူရှုတာနေတာကြောင့် အစာငတ်ခံဆန္ဒပြ တာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးခင်မောင်မြင့် က ပြောပါတယ်။

"ရက် ၂ဝဝ ပြည့်အထိ သူတို့ တာဝန်ရှိတဲ့အပိုင်း ကနေပြီးတော့ ညှိနှိုင်းဆွေးနွေးဖြေရှင်းမှု အခုအချိန်အထိ တစုံတရာ မရရှိခဲ့သေးဘူး၊ ကျနော်တို့က ပထမခြေလှမ်းအနေနဲ့ ကျနော်တို့က အစာငတ်ခံဆန္ဒပြတာ၊ ကျနော်တို့ရဲ့ သပိတ်ခေါင်းဆောင် ဦးစိန်သန်း ဟာ မတရားဖမ်းဆီးခံထားရတယ်၊ အဲ့ဒါကို အမြန်ဆုံးလွှတ်ပေးစေချင်တဲ့ဆန္ဒနဲ့ ကျနော်တို့ ဒီမှာ အစာငတ်ခံ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်"

မိကျောင်းကန်သပိတ်စခန်းမှာ ဒီနေ့ အစာငတ်ခံဆန္ဒပြသူ ၄၀ ကျော်ရှိပြီး သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။ တာဝန်ရှိသူတွေဘက်က တစ်စုံတရာဖြေရှင်းပေးမှုမရှိခဲ့ရင် အစာငတ်ခံဆန္ဒပြနေတာကို ထပ်မံရက်တိုးပြီး လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။