သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-26
ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။
2012-12-26
ဒီဇင်ဘာလအတွင်းက ကချင်ပြည်နယ် ဆင်ဘိုမြို့က ဆယ်ကျော်သက် လူငယ် ၃ ယောက်ဟာ တရုတ်ပြည်မှာ လူကုန်ကူးခံရပြီး အဲဒီအထဲက မိန်းကလေး တစ်ယောက်ကတော့ တရုတ် အမျိုးသားနဲ့ အိမ်ထောင်ပြုလိုက်ရတယ်လို့ သိရပါတယ်။
2012-12-26
ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရစစ်တပ်တွေကို တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့ သိရပါတယ်။
2012-12-26
နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Visa ငွေထုတ်ကဒ် ကိုင်ဆောင်ထား သူတွေဟာ နိုင်ငံခြားဧည့်ခရီးသွားတွေ အများစုသွားလာလည်ပတ်ကြတဲ့ နေရာတွေအပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး စတဲ့ မြို့တွေမှာ ရှိတဲ့ သမဝါယမဘဏ်နဲ့ ကမ္ဘောဇဘဏ်တွေမှာ တပ်ဆင်ထားတဲ့ ATM ခေါ် ငွေထုတ်စက် အလုံး ၉ဝ မှာ စတင်ငွေထုတ်နိုင်ပြီလို့ သိရပါတယ်။
2012-12-25
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ချောင်းဝကျေးရွာမှာ မသီတာထွေးရဲ့ ကောင်းမှုအဖြစ် ဆောက်လုပ် လှူဒါန်းမယ့် အလယ်ကျောင်း ရံပုံငွေအတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မသီတာထွေး ရုပ်ပုံနဲ့ ပြက္ခဒိန်တွေ ထုတ်ဝေ ရောင်းချခဲ့မှုအပါအဝင် ကိစ္စတချို့အတွက် RNDP ပါတီ တာဝန်ရှိသူတွေ ကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က နေပြည်တော်မှာ မနေ့က ခေါ်ယူသတိ ပေးလိုက်ပါတယ်။
2012-12-25
လက်ပံတောင်းတောင် ဆန္ဒပြသပိတ် စခန်းဖြိုခွဲမှုမှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ကောက် အထွေထွေရောဂါ ကုဆေးရုံကြီးမှာ ဆေးဝါးကုသနေတဲ့ ဆရာတော် ဦးတိက္ခဉာဏကို ဆေးကုသစားရိတ် အကုန်အကျ များတာကြောင့် မြန်မာအစိုးရက မတတ်နိုင်တော့တဲ့ အတွက် ဒီကနေ့နေ့လည် ၃ နာရီက ဘန်ကောက်မြို့ အနုဆာဝါရီ အရပ်မှာရှိတဲ့ ကင်းမောင်းဂွတ် ထိုင်း အစိုးရ စစ်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေတယ်လို့ သိရပါတယ်။
2012-12-25
နိုင်ငံခြားခရီးသည်တွေ အပါအဝင် ခရီးသည် ၆၅ ယောက် တင်ဆောင် သွားတဲ့ မန္တလေး- ဟဲဟိုး ခရီးစဉ် အဲယားပုဂံလေယာဉ် တစ်စီးဟာ စက်ချို့ယွင်းမှု ဖြစ်ပွားပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဒီကနေ့ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။
2012-12-25
ရန်ကုန် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုှဇုန်၊ တော်ဝင်သစ်အချောထည် စက်ရုံမှာ မနေ့က လုပ်ငန်းခွင်ဝင်ဖို့ လာတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ဘက်က ဝန်ထမ်းတွေ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရခဲ့ကြသူ အလုပ်သမား ၆ ဦး ထဲမှာ အမျိုးသမီး ၂ ဦးပါဝင်ပြီး အလုပ်သမားခေါင်းဆောင်တွေ ဖြစ်ကြကြောင်း အဲဒီထဲက ကိုဇင်မျိုးကိုကိုနဲ့ ကိုနေလင်းဦးတို့ဟာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရကြောင်း သိရပါတယ်။
2012-12-25
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒုက္ခသည်စခန်း အချို့က စစ်ဘေးရှောင်ပြည်သူတွေကို ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒီကနေ့မနက်ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ ပြီး ငွေကျပ်သိန်း ၁၂၀ နဲ့ ဆေးဝါးပစ္စည်းတန်ဖိုး သိန်း ၅၀ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၇၀ လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။
2012-12-25
ယနေ့မနက် ဒီဇင်ဘာ ၂၅ ရက်နေ့က ရန်ကုန်-မန္တလေး-ဟဲဟိုး မြို့တွေ ကို ပြေးဆွဲပျံသန်းတဲ့ အဲယားပုဂံလေကြောင်းလိုင်း လေယာဉ်အမှတ် (W9-011) လေယာဉ်ဟာ ဟဲဟိုး လေယာဉ်ကွင်း အနီးမှာ ပျက်ကျသွားခဲ့ပါတယ်။
2012-12-25
ရှမ်းပြည်တောင်ပိုင်းမှာ မကြာခင် ချမှတ်လုပ်ဆောင်တော့မယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ ပတ်သက်လို့ အစိုးရဘက်က လုံခြုံရေး ပိုင်းဆိုင်ရာကိစ္စမှာ RCSS/SSA တောင်ပိုင်းအဖွဲ့ကို ပါဝင်ခွင့်မပေးဘူး ဆိုတဲ့အတွက် ရှမ်းအဖွဲ့က သူတို့နယ်မြေအတွင်း အစိုးရတပ်တွေ နေရာယူ လာမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
2012-12-25
ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီ ကြီးဖြစ်တဲ့ Nippon Electric Corporation ( NEC) ဟာ မြန်မာနိုင်ငံ မှာ လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက် ဖို့ ပြင်ဆင်နေပါတယ်။
2012-12-25
အခုအခါ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံဖို့ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်နေပါပြီလို့ သမ္မတ ဦးသိန်းစိန် က ထပ်လောင်း ပြောကြားလိုက်ပါတယ်။
2012-12-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တနသာၤရီတိုင်းဒေသကြီး အတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ လူမှုအကျိုးစီးပွားတွေကို သိသိသာသာ ပြောင်းလဲုနိုင်တဲ့ အပြောင်းအလဲ ဖြစ်အောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ မြိတ်မြို့ ကန်ဖျားရပ် ကြံတောလမ်းမှာရှိတဲ့ ဦးစောဂျက်ခန်းမမှာ ဒေသခံတွေ နဲ့ တွေဆုံစဉ် အခုလို ပြောကြားခဲ့ပါတယ်။
2012-12-25
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုှဇုန် ၊ တော်ဝင်သစ်အချောထည်စက်ရုံမှာ အလုပ်လုပ်ခွင့် ငြင်းပယ်ခံနေရတဲ့ အလုပ်သမား(၂၀၀)ကျော်လောက်က စက်ရုံ ဒါရိုက်တာနဲ့ တွေ့ဆုံစကားပြောနိုင်ဖို့အတွက် စက်ရုံတွင်း ဝင်ရောက်ရာမှာ အလုပ်ရှင်ဘက်က ဝန်ထမ်းတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီး အလုပ်သမားတစ်ချို့ ဒဏ်ရာရရှိကာ တစ်ဦးက အခြေအနေစိုးရိမ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။