ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှာ လုပ်ငန်းတိုးချဲ့ဖို့ ပြင်ဆင်

ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီ ကြီးဖြစ်တဲ့ Nippon Electric Corporation ( NEC) ဟာ မြန်မာနိုင်ငံ မှာ လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက် ဖို့ ပြင်ဆင်နေပါတယ်။

2012.12.25

ပွင့်လင်းလာတဲ့မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနည်းပညာလုပ်ငန်းတွေ ပိုပြီးလိုအပ်လာမှာဖြစ်တာနဲ့အညီ၊ ဂျပန်ဆက်သွယ်ရေး ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေ၊ အရောင်းဆိုင်တွေကို မြန်မာနိုင်ငံမှာဖွင့်လှစ်တော့မယ် လို့ ဆိုပါတယ်။

ပထမဦးဆုံး NEC ကုမ္ပဏီ ရုံးခွဲတစ်ခု ကို ဇန်နဝါရီလအတွင်း ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်ပြီး၊ နေပြည်တော်မှာ လည်း ဆက်လက်ဖွင့်လှစ်မယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာအစိုးရက ၂၀၁၅ ခုနှစ်မှာ တိုင်းပြည်လူဦးရေရဲ့တဝက် မိုဘိုင်းဖုန်းအသုံးပြုနိုင်ဖို့ ရည်မှန်းထားတဲ့အတွက် NEC အနေနဲ့ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းကွန်ယက်အပေါ် အထူးအာရုံစိုက်ထားကြောင်းလည်း ပြောဆိုပါတယ်။

အခုအခါ တရုတ်ပြည်မှာ လုပ်အားခတွေ မြင့်တက်လာနေတဲ့အပြင် ဂျပန်ဆန့်ကျင်ရေး စိတ်ဓါတ်တွေ တိုးပွားလာနေတာကြောင့် ဂျပန်ကုမ္ပဏီတွေဟာ မြန်မာနဲ့ တခြားဒေသတွင်း နိုင်ငံတွေဆီကို ရွှေ့ပြောင်းဖို့ လေ့လာကြည့်ရှုနေကြပါတယ်။

ဒီအတွင်း ဂျပန် နိပွန်ဖေါင်ဒေးရှင်းက မွန်ပြည်နယ်မှာ လူသားချင်းစာနာကူညီရေး ထောက်ပံ့မှုတွေ ဆောင်ရွက်ခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။