သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-29
ပြည်တွင်း အခေါက် ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းလာချိန်မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချမယ်လို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက် မနေ့က ကြေညာပါတယ်။
2022-09-29
ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင်က အမှုပေါင်း ၁၁ မှုအတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတာကြောင့် ဒီအမှုရဲ့ ထောင်ဒဏ်သုံးနှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ရှိပြီ ဖြစ်ပါတယ်။
2022-09-28
ပြင်သစ် Total စွမ်းအင်ကုမ္ပဏီနဲ့ နော်ဝေ Telenor ဆက်သွယ်ရေးကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့တဲ့အတွက် စစ်ကောင်စီအနေနဲ့ ဘဏ္ဍာရေးနဲ့ထိန်းချုပ်မှုတွေ ပိုမိုရရှိသွားစေမှာဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြပါတယ်။
2022-09-28
လေဆိပ်မှာ ကနေဒါနိုင်ငံရောက် မြန်မာတွေနဲ့ အပြည်ပြည်ဆိုင်ရာသတင်းထောက်တွေ စောင့်ကြိုနေကြပေမယ့် ကနေဒါအာဏာပိုင်တွေက လုံခြုံရေးအရ ဟန်လေးနဲ့ တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။
2022-09-28
“လွန်ခဲ့တဲ့တစ်ပတ်လောက်က တပ်ရင်းတစ်ခုလုံးက အထက်အမိန့်ကို မနာခံတဲ့အဖြစ်မျိုး ဖြစ်လာတာတွေ့ရပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့လည်း မြေပြင်တပ်သားတွေကို သိပ်မသုံးတော့ဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ နည်းလမ်းကို ပိုသုံးလာပါတယ်"
2022-09-28
စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ် တစ်နာရီကလည်း လွိုင်ကော်မြို့နယ် ဆောင်ကန်း (ရှမ်း) ရွာက နေအိမ်တစ်လုံးအပေါ်ကို လက်နက်ကြီးကျတာကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။
2022-09-28
တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ .... တိုင်းရင်းသားတွေဘက်က တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အမျိုးသားတန်းတူရေး ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်ရေးအပေါ် စစ်ခေါင်းဆောင်က လက်မခံလိုဘဲ သူပေးချင်တဲ့ ဖက်ဒရယ်ကိုသာ ပေးမယ်လို့ ပြောဆိုလိုက်တာဖြစ်ကြောင်း သုံးသပ်ပါတယ်။
2022-09-28
သေဆုံးရတဲ့အကြောင်းရင်းကို မိသားစုက တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် လုပ်ဖော်ကိုင်ဘက်ဝန်ထမ်းတွေကတော့ ဒေါက်တာ တလွန်ကျုံးထန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာလို့ ပြောပါတယ်။
2022-09-28
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အောင်းကုန်းရွာကို စက်တင်ဘာ ၂၈ ရက် ဒီမနက် စစ်ကောင်စီတပ်တွေဝင်လာလို့ အရပ်သား ၂၅၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-28
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်ပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
2022-09-28
တစ်နှစ်အတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်း၊ ကြည်းကြောင်း ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက် လူ ၈၀၀ နီးပါး သေဆုံးပြီး နေအိမ်အလုံးပေါင်း ၂၆,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2022-09-28
မော်ဒယ်လ် နန်းမွေစံကို လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဖြန့်ချိတာ မြန်မာ့ယဉ်ကျေးမှု ထိခိုက်စေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် စစ်တရားရုံးက ထောင်ခြောက်နှစ် ချမှတ်လိုက်ပါတယ်။
2022-09-28
တောင်တန်းနဲ့ သဘာဝသစ်တောကြီးတွေ တည်ရှိတဲ့ ရှမ်းပြည်နယ်၊ တောဇီးပင်တွေ ပေါများတဲ့ မြန်မာပြည် အလယ်ပိုင်းက ပျားမွေးမြူရေးလုပ်ကိုင်သူတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ ကုန်စျေးနှုန်း မြင့်တက်မှုတွေကြောင့် အခုချိန်မှာ လုပ်ငန်းတွင်ကျယ်အောင် မလုပ်နိုင်တော့ဘဲ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။
2022-09-28
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတဲ့ နှစ်ပတ်အတွင်း ရွာပေါင်း ၂၀ က အိမ် ၈၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-28
စစ်ကောင်စီတပ်သား ၁၂၀ ဝန်းကျင်ဟာ မနေ့က မနက်အစောပိုင်းမှာ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့သလို ဒေသခံတွေကို ဖမ်းဆီးခဲ့တယ်လို့ ပုဏ္ဏားရွာ ဒေသခံတစ်ဦးက ပြောပါတယ်။