သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-30
လူဦးရေသောင်းနဲ့ချီပြီး ရေဘေးဒဏ်သင့်ခဲ့တဲ့ ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကြိုတင်သတိပေးတာတွေ အားနည်းခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက ဝေဖန်နေကြပါတယ်။
2018-08-30
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို သွားကြတဲ့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသား ၅၁ ဦး လမ်းခုလတ်မှာ ခရီးသွားခွင့် တားမြစ်ပိတ်ပင်ခံရတာဟာ ဒို့တာဝန်အရေး ၃ ပါးကို ချိုးဖောက်တာလို့ ရခိုင်အမျိုးသားရေး လှုပ်ရှားနေကြသူတွေက ပြောကြပါတယ်။
2018-08-30
အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ANP ရခိုင်အမျိုးသားပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ဟောပြောချက်စာတမ်းကို ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားပေမယ့် ပါတီဘက်ကတော့ ပြန်လည်ပြင်ဆင်ပေးမှာ မဟုတ်ဘူးလို့ ANP ပါတီခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။
2018-08-30
ပဲခူးတိုင်းမှာ ဆွာရေလှောင်တမံ ကျိုးပေါက်ခဲ့တဲ့အတွက် ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူငါးယောက်ပျောက် ဆုံးနေရာမှာ ဒီကနေ့ သေဆုံးအလောင်းတစ်လောင်းကို တွေ့ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီးက လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
2018-08-30
၁၉၉၃ ခုနှစ်က မန္တလေးဘီယာစက်ရုံကို စစ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တဲ့ “မြန်မာရောင်ခြည်ဦး” ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုကို “အများနဲ့ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ- အ.ပ.က ပုဒ်မ (၃) နဲ့ ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင်တရားရုံးက ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။
2018-08-30
ရန်ကုန်-နေပြည်တော် အမြန်လမ်းနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း ရေမြုပ်နေတာကြောင့် ရန်ကုန်ကနေ နေပြည်တော်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းကို သွားမယ့် ခရီးစဉ်တွေအတွက် ငွေပြန်အမ်းတာ၊ ရက်ရွှေ့ဆိုင်းတာတွေ စီစဉ်ပေးနေတယ်လို့ မြတ်မန္တလာထွန်းကားဂိတ် ဥက္ကဌ ဦးအေးဇင် က ပြောပါတယ်။
2018-08-30
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းစေတီတော် ဝတ္တကနယ်မြေအတွင်းမှာ ဧည့်နိုင်ငံသား ဦးရှောက်ဆန်းဆိုသူက အဆောက်အအုံ ဆောက်လုပ်ခွင့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကို ခွင့်ပြုချက် တောင်းခံထားပါတယ်။
2018-08-30
ပဲခူးတိုင်းဒေသကြီး ဆွာမြို့က ဆွာရေလှောင်တမံ ရေပိုလွှဲက ရေလွှတ်တာကြောင့် အိမ်ထောင်စု ၆ သောင်း ၃ ထောင်ကျော် ရေနစ်မြုပ်ပြီး လူ ၇ ယောက် ရေစီးနဲ့ မျောပါသွားတယ်လို့ ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော် က ပြောပါတယ်။
2018-08-30
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးပြီးနောက်ပိုင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆက်ဆံရေးဟာ အရင်လောက် မကောင်းတော့ဘူးလို့ UNFC ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။
2018-08-30
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကန်ညီနောင်ကျေးရွာနဲ့ ဝဲကြီးကျေးရွားတဝိုက်မှာ KNU တပ်မဟာ ၅ က ဒီကေဘီအေ ခွဲထွက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားရင်း အစိုးရတပ်မတော် ဝင်ရောက်လာတာကြောင့် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
2018-08-30
တခြားလူနည်းစုတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေပေါ် အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ မြန်မာအစိုးရက အရေးယူဖို့ မလေးရှားနိုင်ငံက တိုက်တွန်း လိုက်ပါတယ်။
2018-08-29
Facebook လူမှုကွန်ရက်မှာ ဖော်ပြတဲ့ အမုန်းစကားတွေကို ဖြစ်လာမှဖြေရှင်းတာထက် ကြိုတင်ပြီး ဖြေရှင်းပါလို့ ဒီသီတင်းပတ်ကုန်မှာ တာဝန်က အနားယူတော့မယ့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီမဟာမင်းကြီး Zeid Ra’ad Al Hussein က မနေ့က တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေ အလွန်အကျွံ မသတ်မှတ်ဖို့လည်း သတိပေးပါတယ်။
2018-08-29
ပြီးခဲ့တဲ့ ၁၉၉၃ ခုနှစ်က မန္တလေးဘီယာစက်ရုံကို စစ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့ တဲ့ မြန်မာရောင်ခြည်ဦး ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုကို အများနဲ့ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃ နဲ့ စသုံးလုံးက တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ သြဂုတ်လ ၃ဝ ရက်နေ့မှာ တရားသူကြီးက စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချမယ်လို့ သတင်းရပါတယ်။
2018-08-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်အပ်နှင်းထားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ပြန်လည်ရုပ်သိမ်းရန် အကြောင်း တစ်စုံတရာ မရှိပါဘူးလို့ နိုဘယ်လ် ဆုကော်မတီက ဗုဒ္ဓဟူးနေ့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2018-08-29
ရခိုင်ပြည်နယ်က ထွက်ပြေးပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ် မှာ နေထိုင်လျက်ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အစားအစာနဲ့ တခြား အကူအညီတွေ ထောက်ပံ့နေတယ်လို့ သိရပါတယ်။