ကျိုက်ဝိုင်းစေတီ ဝတ္တကနယ်မြေအတွင်းက ခွင့်ပြုချက်မရတဲ့ အဆောက်အအုံ
2018.08.30
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းစေတီတော် ဝတ္တကနယ်မြေအတွင်းမှာ ဧည့်နိုင်ငံသား ဦးရှောက်ဆန်းဆိုသူက အဆောက်အအုံ ဆောက်လုပ်ခွင့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကို ခွင့်ပြုချက် တောင်းခံထားပါတယ်။
ခွင့်ပြုချက် တောင်းခံထားတယ်ဆိုပေမယ့် အဆောက်အအုံဟာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့အပြင် စားသောက်ဆိုင်ပါ ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပါတယ်။ ဒီကိစ္စကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ အများအပြားရှိခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦး က တင်ပြထားပါတယ်။