ဖာပွန်မြို့နယ်က တိုက်ပွဲတွေကြောင့် ရွာသား ၄၀၀ လောက် ထွက်ပြေးတိမ်းရှောင်
2018.08.30
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကန်ညီနောင်ကျေးရွာနဲ့ ဝဲကြီးကျေးရွားတဝိုက်မှာ KNU တပ်မဟာ ၅ က ဒီကေဘီအေ ခွဲထွက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားရင်း အစိုးရတပ်မတော် ဝင်ရောက်လာတာကြောင့် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်း ပစ်ခတ်မှုတွေကြောင့် ကန်ညီနောင်ကျေးရွာသား ၄၀၀ လောက်ဟာ မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦး က တင်ပြထားပါတယ်။