သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-29
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာ ဇွန်လ ၂၉ ရက်ဒီနေ့ မနက်ပိုင်းမှာ Covid 19 ကြောင့် လူနာ နှစ်ဦး ထပ်မံသေဆုံးခဲ့ရာ တစ်လကျော်အတွင်း သေဆုံးသူ ၁၂ ဦးအထိရှိနေပြီး ပိုးတွေ့သူ သုံးရာကျော် ရှိနေပြီဖြစ်ပါတယ်။
2021-06-29
ရန်ကုန်တိုင်း တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းအနီး မြန်မာ့ စီးပွားရေးဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၂၉ ရက်၊ ဒီနေ့မနက် ၁၁ နာရီခန့်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
2021-06-29
အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (သင်္ဃန်းကျွန်းမြို့နယ်)ရဲ့ ပြောက်ကျားသပိတ်ကို ဇွန်လ၂၉ရက်နေ့ ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
2021-06-29
သင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အနားက ဂဖူးကွေ့ဈေးမှာ ဇွန်လ ၂၉ ရက် ဒီနေ့ မနက် ၈ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီကို သတင်းပေးတယ်လို့ နာမည်ကြီးနေတဲ့ ကျားကြီး(ခ) ကိုစိန်လှိုင်ဝင်း ဆိုသူ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားပါတယ်။
2021-06-29
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဇွန်လ ၂၉ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-06-29
ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်း ၇၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စာရေးမ တစ်ဦးကို အမည်မသိလူ နှစ်ယောက်က ဇွန်လ ၂၈ ရက် မနေ့ညနေပိုင်းက သေနတ်နဲ့ အနီးကပ်ပစ်သတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
2021-06-28
ရန်ကုန်မြို့က စစ်ထောက်လှမ်းရေးတွေ နှိပ်စက်မေးမြန်းတဲ့ စစ်ကြောရေးစခန်းမှာ သူ့ကိုယ်သူ သေလူအဖြစ်သတ်မှတ်ထားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တာတွေကို ခံခဲ့ရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာချုပ် ဦးနေသန်မောင်က ပြောပါတယ်။
2021-06-28
ဇွန်လ ၈ ရက်ကနေ ၂၈ ရက်နေ့ အထိ ရက်၂၀ အတွင်း လားရှိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၀၀ နီးပါး ရှိလာနေပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
2021-06-28
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေလို့ ရောဂါထိန်းချုပ်နိုင်ဖို့ တနိုင်ငံလုံးက ဆောက်လုပ်ရေးလုပ်ငန်းတွေကို တစ်လ ရပ်ထားဖို့ ဇွန်လ ၂၈ ရက်နေ့မှာ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။
2021-06-28
မနေ့က ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၂၅ ယောက် တွေ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဇွန်လ၂၈ရက် ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2021-06-28
အဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ မျက်မြင်သက်သေ နှစ်ဒါဇင် နီးပါးကို ခေါ်ယူဖို့ရှိနေတာကြောင့် အမှုစစ်ဆေးမှုဟာ စီစဉ်ထားတာထက် အချိန်ပိုကြာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က တနင်္လာနေ့က ပြောတဲ့အကြာင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-06-28
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန် ၂၈ ရက် မနက်ပိုင်းက စစ်တပ်က ရမ်းသမ်း ပစ်ခတ်လိုက်တဲ့အတွက် လမ်းသွားလမ်းလာ အရပ်သား နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-06-28
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရခိုင်မျိုးချစ်ပါတီ (APP) ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်း ကို ဒီနေ့ နေ့လယ်က စစ်တွေမြို့လယ်မှာရှိတဲ့ အိုးတန်းရပ်ကွက် ကနေ အမည်မသိ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုက RFA ကို ပြောပါတယ်။
2021-06-28
ရှမ်းပြည်နယ်မြောက်ပိုင်း နမ်ခမ်းမြို့ပေါ်မှာ ဒီကနေ့ ဇွန် ၂၈ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)ကို အလိုမရှိကြောင်း ဆန္ဒပြနေတုန်း ဗုံး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး လူနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-06-28
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်နှုန်းပြန်များလာတာနဲ့ ပတ်သက်လို့ ပြည်သူအားလုံးအတွက် အရမ်းစိတ်ပူနေပြီး၊ ကိုဗစ်ကာကွယ်ရေးအတွက် သတ်မှတ်ချက်တွေကို အသေအချာလိုက်နာဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ရုံးချိန်း ထွက်ခွင့်ရတဲ့အချိန်မှာ တိုက်တွန်းလိုက်ပါတယ်။