သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-28
လူ့ဘောင်သစ်ပါတီနဲ့ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ဟာ လူ့ဘောင်သစ် ပါတီအမည်နဲ့ တစ်ပါတီတည်းအဖြစ်ပေါင်း စည်းကြောင်း ပြောပါတယ်။
2015-06-28
လာမယ့်၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အတွက် ပြည်ပမှာ ရောက်နေတဲ့ မဲပေးနိုင် သူ လူဦးရေ စာရင်းတွေကို ကြိုတင် မဲ ပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က သံရုံးတွေကနေတစ်ဆင့် စတင် ကောက်ယူနေပါတယ်။
2015-06-28
နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီး ပြဌာန်း လိုက်တဲ့ အမျိုးသားပညာရေးဥပဒေမှာ သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေ ရဲ့ တောင်းဆိုချက်တွေနဲ့ ကွာဟမှုတွေ ရှိနေ တာကြောင့် ကြေညာချက် ထုတ်ပြန်သွားမယ် လို့ ပြောပါတယ်။
2015-06-28
အစိုးရသတင်းစာတွေထဲမှာ ကြေညာထားတဲ့ အကျဉ်းထောင်ဥပဒေမှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် သီးသန့်ပြဌာန်းချက်တွေ မပါ တာကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အကျဉ်းထောင်များ ဥပဒေကြမ်းနဲ့ နိုင်ငံရေးအကျဉ်းသားများ ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲတစ်ရပ်ကို မနေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2015-06-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲစာရင်းတွေမှန်ကန်မှု ရှိမရှိ သွားရောက်ကြည့်ရှုကြ ဖို့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မနေ့က နေ့ လည်ပိုင်းက တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်လံ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
2015-06-28
တစ်ပတ်လောက် မိုးဆက်တိုက် ရွာနေတဲ့အတွက် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ အမ်းမြို့တွေ မှာ ရေကြီးနေတဲ့အတွက် ဒေသခံတွေ ရေဘေးလွတ် ရာကို ရှောင်နေကြရပါတယ်။
2015-06-28
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူငယ်လူရွယ်တွေ စိတ်ဝင်စားမှု နည်းပါးနေတယ် ဆိုတဲ့ သတင်းနဲ့ ဘယ်လို ဆွဲဆောင်သင့်ကြတယ် ဆိုတဲ့ ကိစ္စတွေကို ရန်ကုန်မြို့က ဗေဒါလူငယ် သင်တန်း ကျောင်း ဒါရိုက်တာ ဦးမျိုးရန်နောင်သိန်း၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရုံး တာဝန်ခံ ဦးနေမိုးအောင်နဲ့ နိုင်ငံလုံးဆိုင်ရာ လူငယ် ကွန်ရက် ညှိနှိုင်းရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်တို့နဲ့အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးထားပါတယ်။
2015-06-27
မြန်မာအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးလည်းဖြစ်၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ဦးဆောင်နေသူ တစ်ဦးလည်းဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် အမိအရ ဆုပ်ကိုင်ရမယ့် အချိန်ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါး တစ်ပုဒ်ကို ဇွန်လ ၂၆ ရက်နေ့ထုတ် အမေရိ ကန်ပြည်ထောင်စုအခြေစိုက် Foreign Policy မဂ္ဂဇင်းမှာ ရေးသားဖော်ပြထားပါတယ်။
2015-06-27
ရခိုင်ပြည်နယ်မှာ တစ်ပတ်ကျော်ကြာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ပြည် နယ်တွင်း ရေလမ်းခရီးစဉ်တွေကို ရပ်နား ထားသလို သံတွဲနဲ့ တောင်ကုတ်မြို့ နယ်တွေက ကျေးရွာတွေ ပြောင်းရွှေ့နေကြရပါတယ်။
2015-06-27
မကွေးတိုင်း နတ်မောက်မြို့မှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်ပွဲတော် က ရရှိတဲ့ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို မတည်ပြီး ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်း တည်ထောင် ဖို့ဖောင်ဒေးရှင်း ယာယီဖြစ်မြောက်ရေးကော်မတီက ဆုံးဖြတ် လိုက်ပါတယ်။
2015-06-27
ပြည်ထောင်စုလွှတ်တော်က အများပြည် သူတွေ သိရှိအောင် ကြေညာထားတဲ့ အကျဉ်းထောင်များဥပဒေမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် သီးသန့်ပြဌာန်းချက်တွေမပါတဲ့အတွက် သီးခြားဥပဒေ တစ်ရပ် ရေးဆွဲပေးဖို့ တောင်းဆိုသွားမယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြောပါတယ်။
2015-06-27
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာ မဲပေး ပိုင်ခွင့်ရှိသူ စာရင်းတွေလိုက်လံစိစစ်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ၂ ဦးကို ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ရာအိမ်မှူးက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုလိုက်ပါတယ်။
2015-06-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ နေ ထိုင်သူတွေကို မဲစာရင်း မှန်ကန်မှု ရှိ မရှိ သွားရောက်ကြည့်ရှု စစ်ဆေးကြဖို့ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံတိုက်တွန်းခဲ့ပါတယ်။
2015-06-27
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီ ၆၇ ပါတီတို့ဟာ နိုင်ငံရေးပါတီတွေ၊ ကိုယ်စား လှယ်လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
2015-06-27
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၃၆ (က) နဲ့၊ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) အတွက် အဆုြိပုထားတဲ့ ပြင်ဆင်ချက်မူကြမ်း တွေကို မနေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်မဲ ပေးခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။