သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-28
မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာသိမ်းခံခဲ့ရတဲ့ ရွေးကောက်ခံ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်သွယ်မှုတွေရှိခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောဆိုလိုက်ပါတယ်။
2022-04-28
သရုပ်ဆောင် ဟိန်းထက်ဟာ အာဏာမသိမ်းခင်က MRTV-4 ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အာဏာသိမ်းလိုက်ချိန်မှာတော့ စစ်တပ်ကို ပြန်လည်ခုခံဖို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့သူပါ။
2022-04-28
အဲဒီလက်ပံတောင်းဒေသမှာ စစ်ကောင်စီရဲ့ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်တဲ့ ကြေးနီစီမံကိန်းတွေ ပြန်စဖို့ ပြင်ဆင်နေချိန်မှာ အခုလိုဆန္ဒပြတာလည်း ဖြစ်ပါတယ်။
2022-04-28
စစ်ကိုင်းတိုင်းထဲက အင်တာနက် ဖြတ်တောက်ခံထားရတဲ့မြို့တွေကို စစ်ကောင်စီက လက်ရှိအချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဧပြီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ သုံးရက်အတွင်းမှာတင် မင်းကင်း၊ ခင်ဦးနဲ့ ရွှေဘိုနယ်ထဲမှာရှိတဲ့ ရွာငါးရွာက နေအိမ် ၅၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-04-28
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပူတာအိုမြို့နယ်ကနေ မြစ်ကြီးနားမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ဟာ ဧပြီလ ၂၇ ရက် မနေ့က နေရပ်ပြန်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-04-28
ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှာ စစ်တပ်ပိုင်မြေနေရာထဲ ပါဝင်နေတယ်ဆိုပြီး နေအိမ်နဲ့ ဈေးဆိုင် နှစ်ရာနီးပါးကို လာမယ့် ဧပြီလ ၃၀ ရက်နေ့နဲ့ မေလ ၂၁ ရက်နေ့နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ စစ်ကောင်စီက သတိပေးထားတာကြောင့် ဖယ်ရှားပေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-04-28
၈၈ မျိုးဆက်အဖွဲ့က မနုနုအောင်၊ ဖမ်းဆီးခံထားရတဲ့ ကိုဇော်ဝမ်းမောင်ရဲ့ဇနီး မခက်ခက်အောင်တို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ RFA ကို ဒီနေ့ပြောပါတယ်။
2022-04-28
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဧပြီလ ၁၇ ရက်နေ့အထိ အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက အကျဥ်းသားစုစုပေါင်း ခြောက်သောင်းနီးပါးကို ပြန်လွှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၅၅၆ ယောက်ပဲ ပါဝင်ပါတယ်။
2022-04-28
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အာဏာသိမ်းပြီး လအနည်းငယ်အကြာ ပြီးခဲ့တဲ့နှစ် ဇွန်လဆန်းကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပါတယ်။ အခုတော့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းလေးမှာ ဖရူဆိုမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားရွာတွေကနေ ထွက်ပြေးလာသူ ၆၀၀၀ ကျော်လောက် ရှိနေပါပြီ။
2022-04-28
မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက သစ်ညီနောင်ရွာကို အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ဝင်ရောက်လာပြီးနောက် ဧပြီလ ၂၈ ရက် ဒီနေ့မနက်က လူနေအိမ် ၂၉ လုံး မီးရှို့ခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
2022-04-28
ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင်ထဲက မြို့နယ် ငါးမြို့နယ် ငါးနေရာမှာ ဧပြီလ ၂၈ ရက်နေ့ တစ်ရက်တည်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀ ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
2022-04-28
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဧပြီလ ၂၇ ရက် မနေ့က တိုက်ပွဲကြောင့် မြစ်သာမြစ်ကူးတံတားကနေ ဒေသခံတွေ ထွက်ပြေးကြရာမှာ တံတားကျိုးကျတဲ့အတွက် လူရှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-04-28
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ရွက်နုအောင်ဟာ ဧပြီလ ၂၈ ရက် ဒီနေ့မနက် ၄ နာရီလောက်က သူ့ရဲ့ ရုံးခန်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးမြို့ ရှေ့နေအသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။
2022-04-28
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုငါးမှုခွဲပြီး တရားစွဲဆိုခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ရန်ကုန်တိုင်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဧပြီလ ၂၈ ရက် ဒီနေ့မှာ အဂတိအမှုတစ်မှုကို ထောင်သုံးနှစ်စီနဲ့ စုစုပေါင်း ထောင် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-04-27
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု ၁၈ ခုထဲမှာ ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်ခံထားရပြီး အခုအမှုအတွက် ထပ်တိုး ထောင်ဒဏ် ငါးနှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ကျခံရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ အခု စီရင်ချက်ချမှတ်လိုက်တဲ့ အမှုအပါအဝင် သူမကို စွဲဆိုထားတဲ့ စွဲချက်တွေ အားလုံးကို ငြင်းဆိုထားပါတယ်။