သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-28
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဘုန်းကြီးကျောင်းတွေမှာ အသုံးပြုနေတဲ့ လိုင်စင်မဲ့ကားတွေကို သက်ဆိုင်ရာရဲစခန်းတွေမှာ အပ်နှံကြ ဖို့ ဧရာဝတီတိုင်းဒေသကြီး သံဃာမဟာနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
2017-04-28
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ အာဆီယံထိပ်သီး အစည်း အဝေးတွေ တက်ရောက်ဖို့ အတွက် ဖိလစ်ပိုင်သမ္မတနိုင်ငံကို ဒီကနေ့ မနက်ပိုင်းက ထွက်ခွာ သွားပြီး ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်မှာ မနီလာမြို့က Nino Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိ သွားပါတယ်။
2017-04-28
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၁၇၀၀ ကျော်ကို အရင်ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွက် သုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန် သွားဖို့ မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
2017-04-28
တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေး ချမ်းရေးကို အနှောင့်အယှက် ဖြစ်စေတဲ့ စစ်ပွဲတွေရပ်တန့်ပြီး မြန်မာနိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေးရဖို့ တွန်းအားပေးဆောင်ရွက်သွားမယ်လို့ မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က ဒီနေ့ပြုလုပ်တဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းဆောင် သစ်ဖွင့်ပွဲမှာ ပြောလိုက်ပါတယ်။
2017-04-28
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် က ကျေးရွာအချို့မှာ လုပ်ကိုင်နေ တဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးဖယ်ရှားပေးဖို့ဆိုပြီး ဒီနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံထဲ မှာ ဒေသကောင်းကျိုးလိုလားသူများအဖွဲ့က ဆန္ဒပြတောင်း ဆိုကြပါတယ်။
2017-04-28
ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘော လုံးပွဲ ကျင်းပလို့ မတရားအသင်း ဆက် သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို လွှတ်ပေးဖို့ မောင်တော မြို့မှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုပါတယ်။
2017-04-28
ဧရာဝတီ မြစ်ရေဟာ လာမယ့် ၁၀ ရက် အတွင်း ၄ ပေကနေ ၆ ပေအထိ မြင့်တက် လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
2017-04-28
စစ်ကိုင်းပညာရေးကောလိပ်မှာ ကျင့်သုံးနေ တဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့အတွက် အဖမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင် ကျောင်းသား ၄ ယောက်ကို ဒီကနေ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ရုံးထုတ်ရာမှာ သူတို့အား လုံးက တရားခွင်ကို သပိတ်မှောက်ကြပါတယ်။
2017-04-28
မကွေးတိုင်းဒေသကြီး လက်ယက်ရေ နံတွင်းတိမ်လုပ်ငန်းမှ ၁ဝ လတာကာလ အတွင်း တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄ဝဝ ကျော် ရရှိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
2017-04-28
ရန်ကုန်မြို့က YBS အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ်ကို လက်ရှိထက် ပိုမိုကောင်းမွန်ဖို့၊ ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ အရေးယူဖို့ တိုက်တွန်းကြောင်းအဆိုကို ရန်ကုန် တိုင်းလွှတ်တော် က ဒီနေ့ အတည်ပြုလိုက်ပါ တယ်။
2017-04-27
မြန်မာပြည်ဟာ စစ်အာဏာရှင်စနစ်က ဒီမိုကရေစီ စနစ်ကို ကူးပြောင်းခဲ့တဲ့ တခြားနိုင်ငံတွေနည်းတူ အခက်အခဲတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး ဒီမို ကရေစီစနစ် အခြေကျလာတာနဲ့အမျှ တိုးတက်လာ မှာဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပြောကြားလိုက်ပါတယ်။
2017-04-27
ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့... အခုနှစ်အတွက် အာရှတိုက်က အသက် ၃ဝ အောက် ထူးချွန်စီးပွားရေးလုပ်ငန်းရှင် အယောက် ၃ဝ စာရင်းမှာ မြန်မာနိုင်ငံက "အမရာ" Digital Marketing Agency တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် မချမ်းမြေ့ခိုင်ကို ရွေးချယ်ဖော်ပြခဲ့ပါတယ်။
2017-04-27
မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံမြို့တို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) ဆိုပြီး ဆိုင်းဘုတ်တင်လိုက်ပြီး ဒီနေ့ စတင်ဖြတ်သန်းခွင့်ပြုလိုက်ပါတယ်။
2017-04-27
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ခါလိန်ကျေး ရွာက တောင်သူတွေ ရဲ့မြေနေရာမှာ လက်ရှိမြန်မာ့ သစ်လုပ်ငန်း က လုပ်ငန်းအကောင်အထည် ဖော်မှုတွေမရှိတော့တဲ့ သိမ်းဆည်းထားတဲ့လယ်ယာမြေတွေကို မူလတောင်သူတွေကိုပြန်လည် စီစစ်ပြီးပေးအပ်ဖို့ခါလိန်ကျေးရွာသားတွေက ဧပြီလ ၂၇ရက်နေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2017-04-27
မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံမြို့တို့ကို ဆက် သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံ တား (ဘီလူးကျွန်း) ဆိုပြီး ဆိုင်းဘုတ်တင်လိုက်ပြီး ဒီနေ့ စတင်ဖြတ်သန်းခွင့်ပြုလိုက်ပါတယ်။