တရုတ်သံအမတ်ကြီး မိဘမဲ့ဂေဟာ ဖွင့်လှစ်ပေး


2017.04.28
love-orphan-center-620.jpg မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်က မိဘမဲ့မေတ္တာရိပ်မြုံဂေဟာ Love Orphan Center စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ဧပြီလ ၂၈ ရက်နေ့က တရုတ်သံအမတ်ကြီး Mr. Hong Liang ကျပ်သိန်းတစ်ရာ လှူဒါန်းခဲ့စဉ်
Photo: Kyaw Myo Min/RFA

တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက် ဖြစ်စေတဲ့စစ်ပွဲတွေရပ်တန့်ပြီး မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရဖို့ တွန်းအားပေးဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး Mr. Hong Liang က ဒီကနေ့ပြုလုပ်တဲ့ တရုတ်-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်းသစ်ဖွင့်ပွဲမှာ ပြောလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်က  မိဘမဲ့မေတ္တာရိပ်မြုံဂေဟာ Love Orphan Center ရဲ့ တရုတ် -မြန်မာချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ တရုတ်သံအမတ်ကြီးက အဲဒီလိုပြောကြားခဲ့တာ ဖြစ်ပါ တယ်။

"တရုတ်နိုင်ငံက တစ်ဘက်က တစ်ဘက်နဲ့ ဆွေးနွေးညှိနှိုင်းရန် ဆက်လက်တွန်းအားပေးနေမှာဖြစ် ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ ထာဝရငြိမ်းချမ်းရေးရရှိလာစေရန် ကြိုးပမ်းအားထုတ်နေပါတယ်"

တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်တွေကို တရုတ်သံ ရုံးက ဆောက် လုပ်လှူဒါန်းနေတာဖြစ်ပြီး အခုဖွင့် လှစ်တာဟာ ၉ ဆောင်မြောက် ကျောင်းဆောင်ဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းအထိ ကျောင်းဆောင် ၂၀ ကျော်ဆောက် လုပ်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ ကျောင်းဆောင်အသစ်ဖွင့်လှစ်ပွဲမှာ သံအမတ်ကြီးက ငွေကျပ်သိန်း ၁၀၀ ၊ ကျောင်းသုံးကိရိယာ နဲ့ ဆန် အိတ်တချို့ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရှမ်း၊ ဗမာ၊ လီဆူ၊ ရဝမ် စတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ လီဆူရိုးရာယဉ်ကျေးမှုအဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မိဘမဲ့မေတ္တာရိပ်မြုံ Love Orphan Center ကို ၂၀၀၀ ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ဘေး ဒါဏ်သင့် မိဘမဲ့ ကလေးတွေအပါအဝင် မိဘမဲ့ ကျောင်းသား အယောက် ၂၇၀ ကျော်ကို ပညာသင်ကြားပေးနေပါ တယ်။

အဲဒီဂေဟာမှာ လီဆူမိဘမဲ့ကလေးတွေအများဆုံး ရှိပြီး ဂျိန်းဖော၊ လော်ဝေါ်၊ ဗမာ၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးစုံ မိဘမဲ့ကလေးငယ်တွေ ကို စောင့်ရှောင်ပညာသင်ပေးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။