ဗိုလ်ချုပ်အောင်ဆန်းတံတားနဲ့ ဒေသခံ သဘောထားမေးမြန်း ချက်
2017.04.27
မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံမြို့တို့ကို ဆက်သွယ်ထားတဲ့တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူး ကျွန်း) ဆိုပြီး ဆိုင်းဘုတ်တင်လိုက်ပြီး ဒီနေ့ စတင်ဖြတ်သန်းခွင့်ပြုလိုက်ပါတယ်။
အဲဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးတာကို ဒေသခံတွေက မကျေနပ်ကြဘဲ သံလွင်တံတား (ချောင်းဆုံ) ဆိုတဲ့ မူလနာမည် ပြန်ပေးဖို့ဆိုပြီး လက်မှတ်ကောက်ခံထားတယ်လို့ သံလွင်တံတား(ချောင်းဆုံ)ဆိုင် ရာ လှုပ်ရှားမှုကော်မတီက မင်းအောင်မွန်က ပြောပါတယ်။
ကိုမင်းအောင်မွန် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။