သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-27
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် မှာ တူးဖော်ခွင့်လိုင်စင်မရှိဘဲ ကျောက် မီးသွေးတူးဖော်နေတဲ့ ကုမ္ပဏီတစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ တယ်လို့ တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။
2017-02-27
၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံ တဲ့အနေနဲ့ မြစ်ကြီးနားမြို့ကနေ ဘီးတပ် ကုလားထိုင်တွေနဲ့ ချီတက်လာတဲ့ ငြိမ်းချမ်းရေးတွဲလက်များ အဖွဲ့ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
2017-02-27
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို သက်တမ်းတစ်နှစ် တိုးမြှင့်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်မှာ သဘောထားတောင်းခံရာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် က ကန့်ကွက်ခဲ့ပေ မယ့် မဲစနစ်နဲ့ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-26
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ပါ။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မြန်မာနိုင် ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်း မီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင် စားစရာ ပြောကြားချက် တချို့ကို လက်လှမ်းမီ သရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်း က တင်ပြထားပါတယ်။
2017-02-26
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှား ယာဉ်မောင်း ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ဦးကိုနီနဲ့ ဦးနေဝင်းတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင်တွေဖြစ်တဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
2017-02-26
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ရွှေကရုဏာ စေတနာဆေးခန်းက ဦးဆောင်ပြီး ဆရာဝန် ၄၀ ကျော်က ကျောက်တော်မြို့ပေါ်က သာသနာ့ဗိမာန်မှာ ဒီနေ့ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါတယ်။
2017-02-26
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလှုပ်ရှားမှု ဖြိုခွင်းခံရတဲ့ ၂ နှစ်ပြည့်အထိမ်းအမှတ်နဲ့ တက္က္ကသိုလ် ကျောင်းသားကျောင်းသူ ၁၀၀ ခန့်က မန္တလေးမြို့မှာ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2017-02-26
ဦးနေဝင်းအစိုးရလက်ထက်က ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ၅၄ နှစ်အကြာ မှာ ပြန်လည်တည်ဆောက်မှာနဲ့ ပတ်သက်ပြီး ခေတ်အဆက် ဆက်က ကျောင်းသားမျိုးဆက်တွေ စုပေါင်းပြီး ဒီကနေ့ ရန်ကုန်မြို့ Orchid Hotel မှာ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
2017-02-26
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှား ယာဉ်မောင်း ဦးနေဝင်း တို့ကို အာဇာနည် သူရဲကောင်းတွေ အဖွဲ့သားကောင်းတွေအဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု ပြော ကြားလိုက်ပါတယ်။
2017-02-26
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည် အဖြစ် ရောက်ရှိနေတဲ့ မွတ်ဆလင်တွေ ကို တွေ့ဆုံမေးမြန်းဖို့ အတွက် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် က လာမယ့်တပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတယ် လို့ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေ က ပြော ပါတယ်။
2017-02-26
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ ဒီနေ့ စင်ကာပူ စံတော်ချိန် မနက် (၉)နာရီခွဲကနေ စတင်ပြီး မြန်မာသံရုံးမှာ ကြိုတင်မဲပေးနေ ကြပြီဖြစ်ပါတယ်။
2017-02-26
ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့နဲ့ ညောင်ရွှေမြို့ ကြားမှာ ခြောက်ဘီးယာဉ်တစ်စီးပေါ်ကနေ WY စိတ်ကြွ ရူးသွပ်ဆေးပြား အရေအတွက် သိန်း ၆၀ ကျော် ကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ဒီနေ့မနက်မှာ ဖမ်းဆီးရမိခဲ့ ပါတယ်။
2017-02-26
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံ ရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေနဲ့ အမှုနဲ့ ဆက်စပ်သူတွေကို လူငယ် အဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က သုံးနှုန်းပြောကြားမှုအပေါ် လူငယ်အဖွဲ့ အစည်းတွေက ကန့်ကွက်ကြောင်း ဒီနေ့ ကြေ ညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-02-26
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အတွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်း သားလှုပ်ရှားမှု ဖြိုခွင်းခံရတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်နဲ့ တက္က္ကသိုလ် ကျောင်း သားကျောင်းသူ ၁၀၀ ခန့်က မန္တလေး မြို့မှာ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2017-02-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်မှုမှာ တပ်မတော်က အရာရှိဟောင်းတွေ ကို အသုံးပြုစေခိုင်းသွားတာဟာ တပ်မတော်နဲ့ အစိုးရကြား၊ တပ်မတော်နဲ့ ပြည်သူကြား စိတ်ဝမ်းကွဲအောင် လုပ်ဆောင်ချင်တာလားဆိုတာ ဆက်လက်ဖော်ထုတ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေက ပြောပါတယ်။