သမဂ္ဂအဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ဆွေးနွေး
2017.02.26

ဦးနေဝင်းအစိုးရလက်ထက်က ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ၅၄ နှစ်အကြာမှာ ပြန်လည်တည်ဆောက်မှာနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက်က ကျောင်းသားမျိုးဆက်တွေ စုပေါင်းပြီး ဒီကနေ့ ရန်ကုန်မြို့ Orchid Hotel မှာ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
အဲဒီပွဲကို ၁၉၅၃ ခုနှစ်ကနေ အခုလက်ရှိကျောင်းသားမျိုးဆက်တွေ တက်ရောက်ကြပါတယ်။
တက်ရောက်လာသူတွေထဲမှာ ခေတ်အဆက်ဆက်ကျောင်းသားမျိုးဆက်တွေက ကျောင်းသားသမဂ္ဂအဆောက် အအုံ ပြန်လည်ဆောက်လုပ်တဲ့အခါ မူလပုံစံအတိုင်းပြန်လည်တည်ဆောက်လိုသူတွေရှိသလို ပုံစံအသစ်ဆောက် ချင်သူတွေလည်း ရှိပါတယ်။
ဒါ့အပြင် အဲဒီလိုဆောက်လုပ်မှုမှာ အစိုးရက ဦးဆောင်ပြီး မပြုလုပ်သင့်ကြောင်းနဲ့ ကူညီပေးတာလောက်သာ ပြုလုပ် သင့်ကြောင်း ဆွေးနွေးသူတွေလည်း ရှိပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေးကော်မတီကို လာမယ့် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ စတင်ဖွဲ့စည်းမှာဖြစ်ပြီး အဲဒီကော်မတီက သမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်မယ့်နေရာနဲ့ ပြန်လည် တည်ဆောက်မယ့်နေ့တို့ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။