သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-22
မြန်မာနိုင်ငံက အလုပ်သမားအရေးနဲ့ ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့ အတွက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ရန်ကုန် ILO ရုံးက ပြောပါတယ်။
2011-02-22
မနှစ်က သြင်္ကန်ရက်အတွင်း ရန်ကုန် ကန်တော်ကြီးက X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံ ရိုက်ယူခဲ့မှုကြောင့် အင်းစိန်ထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ သတင်းထောက် ဦးမောင်မောင်ဇေယျကို ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၃ နာရီလောက်က နယ်ဝေး အကျဉ်းထောင်တခုကို ပြောင်းရွှေ့လိုက်တယ်လို့ မိသားစုက ပြောပါတယ်။
2011-02-22
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လှုပ်ရှားနေတဲ့ ဒုတိယ ပင်လုံညီလာခံ ထောက်ခံရေး လှုပ်ရှားခဲ့သူ လူငယ် ၄ ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထပ်မံခေါ်ယူပြီး နောင်အလားတူ မလုပ်ဆောင်ဖို့ ဝန်ခံကတိ တောင်းခဲ့တယ်လို့ သိရပါတယ်။
2011-02-21
အစိုးရအဖွဲ့သစ် ဝန်ကြီးဌာန ၃၃ ခုအတွက် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် နိုင်ငံ့ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေသစ်ကို စစ်အစိုးရက လျှို့ဝှက်ပြဌာန်းလိုက်ပြီလို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2011-02-21
ဒီကနေ့ လွှတ်တော်မှာ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု စာရင်းစစ်ချုပ် အမည် တင်သွင်းခဲ့ပြီး ရှေ့နေချုပ် အမည် တင်သွင်းထားတာကို လွှတ်တော်အမတ်တွေက အတည်ပြုပေး လိုက်တယ်လို့ သိရပါတယ်။
2011-02-21
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကင်တားနာ ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိ ုစုံစမ်းနိုင်ဖို့ မလေးရှားနိုင်ငံကို ရောက်ရှိနေပြီး မလေးရှားကို ထွက်ပြေး ရောက်ရှိနေတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေနဲ့ တွေ့ဆုံနေတယ်လို့ သိရပါတယ်။
2011-02-21
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2011-02-21
ဖိလစ်ပိုင်သံအမတ်ကြီး မာရီယာ အယ်လင်ဘာဘာ Maria Hellen M. Barber ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ နေ့လည်ပိုင်းက နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2011-02-20
NLD ပါတီက ဦးဆောင် ကြိုးပမ်းနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး လုပ်ငန်းကို ပံ့ပိုးတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသား ၇ဝ ကို ကူညီဖို့ အမျိုးသားလူငယ်ကွန်ယက် အဖွဲ့က တာဝန်ယူ လိုက်ပြီလို့ ကွန်ယက်အဖွဲ့ လှုပ်ရှားလည်ပတ်ရေး ကြိုးပမ်း ဆောင်ရွက်နေသူ ကိုမျိုးရန်နောင်သိန်းက RFA ကို ဒီကနေ့ ပြောပါတယ်။
2011-02-20
သမ္မတကြီး ဦးသိန်းစိန်ရဲ့ လစာဟာ အိန္ဒိယဝန်ကြီးချုပ် လစာထက် များနေ သလို အရပ်သားအစိုးရသစ် လက်ထက် ဝန်ကြီးတဦး လစာကလည်း ဗီယက်နမ် သမ္မတ လစာထက် ၄ ဆလောက် များနေပါတယ်။
2011-02-20
ဒီကနေ့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ (၆၃) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇိုမီး အမျိုးသားကွန်ဂရက်နဲ့ ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေ ဦးစီးပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဒီကနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2011-02-20
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာတွေကနေ ခြိမ်းခြောက် ရေးသားနေမှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2011-02-20
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကူအညီပေးဖို့ စင်္ကာပူနိုင်ငံရောက် မြန်မာတွေ စတင် ဆောင်ရွက်နေပြီလို့ သိရပါတယ်။
2011-02-20
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြည်သူတွေ စိတ်ပျက် မုန်းတီးနေတဲ့ တပ်မတော်ကို ပြည်သူ တွေ လက်ခံကြည်ဖြူမယ့် တပ်မတော် ဖြစ်လာအောင် ဘယ်လို လုပ်သင့်သလဲ၊ တပ်မတော်သားတွေကို ပြည်သူနဲ့ သွေးခွဲထားတာကို ဘယ်လို ဟန့်တားမလဲ ဆိုတာတွေကို အခြေပြု ဆွေးနွေးတင်ပြထားပါတယ်။
2011-02-20
အမေရိကန် နိုင်ငံရောက် ချင်းတိုင်းရင်းသားတွေ စုပေါင်းပြီး ၆၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။