သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-24
“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” မေးဖြေခန်း ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်မှာ မနိုင်ခြူးဝေ (နော်ဝေ)၊ ဒေါ်မော်လီ (ကနေဒါ)၊ ကိုအိုတူး (ထိုင်း)၊ ကိုထိုက်မင်း (ဖင်လန်)၊ ကိုကျော်စစ်နိုင် (အမေရိကန်)၊ ကိုစတီဗင် (ဆွီဒင်) တို့ရဲ့ မေးခွန်းတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2010-12-24
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက NLD က မဖြူဖြူသင်း၊ ကိုရာဇာတို့ရဲ့ HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး လုပ်ငန်းတွေကို ကူညီ ပံ့ပိုးပေးမယ်လို့ ပြောဆိုကြောင်း သတင်း ရရှိပါတယ်။
2010-12-24
ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Steve Marshall နဲ့တွေ့ဆုံပြီး အခက်အခဲတွေ တင်ပြခဲ့ကြတဲ့ အောင်လံမြို့နယ်က လယ်သမားတွေကို သူတို့ စိုက်ပျိုးထားတဲ့ လယ်မြေတွေထဲ မဝင်ရတော့ဘူး ဆိုပြီး ကပစ (၁၅) စစ်တပ်က ပိတ်ပင် တားမြစ်လိုက်တဲ့အတွက် ရန်ကုန် ILO ရုံးကို လယ်သမားတွေ ဒီကနေ့ သွားရောက် တိုင်တန်းခဲ့ကြပါတယ်။
2010-12-24
ဒုတိယအကြိမ် ပင်လုံညီလာခံ ဖြစ်ပေါ်လာရေးနှင့် ပင်လုံစိတ်ဓာတ် အကြောင်းတွေကို NLD ရုံးချုပ်မှာ ဟောပြောခဲ့ကြပါတယ်။
2010-12-23
မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။
2010-12-23
ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) UWSA ရဲ့ ခရိုင်အဆင့် ညီလာခံကို မိုင်းမောခရိုင်မှာ ၅ ရက်ကြာ ကျင်းပပြီး၊ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ အဲဒီ ညီလာခံကို ပါတီဝင် ကိုယ်စားလှယ် အင်အား ၂၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
2010-12-23
ရွေးကောက်ပွဲအနိုင်ရ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် တရားစွဲဆိုနေကြတယ်လို့ သိရပါတယ်။
2010-12-23
NLD ပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုးပမ်း အကောင်အထည်ဖော်နေတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ၊ ပင်လုံစိတ်ဓာတ်ဆိုတဲ့ အကြောင်းတွေကို NLD ပါတီခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်တို့က NLD ရွှေဂုံတိုင်ရုံးချုပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက ဟောပြောခဲ့ကြောင်း NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
2010-12-23
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ်ခေးလ် အမ်.ဂျီလက်ဇ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက် ၁၀ နာရီက လာရောက် တွေ့ဆုံဆွေးနွေးကြောင်း NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
2010-12-23
ထိပ်ပိုင်း မြန်မာဗိုလ်ချုပ်တွေအားလုံး လိုချင်နေတာက မလွဲှမရှောင်သာလို့ ကိုယ့်သဘောနဲ့ကိုယ် ရာထူးကနေ ဆင်းပေးရမယ်ဆိုရင် သူတို့နဲ့ သူတို့မိသားစု အားလုံး ပိုင်ဆိုင်မှုတွေကို ဆက်လက်ထိန်းထားပြီး တရားစွဲ အရေးယူမခံရဘို့ ဆိုတဲ့ အာမခံချက်မျိုးပဲ ဖြစ်တယ်လို့ မကြာခင်က ပေါက်ကြားခဲ့တဲ့ ရန်ကုန်မြု့ို့ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ လယ်ရီ-ဒင်ဂါး ရေးသားတဲ့ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2010-12-22
အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေက ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းက မျက်စိခွဲစိတ်ကုသခန်း အတွက် အလှူငွေ အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် လှူဒါန်းကြတယ်လို့ သိရပါတယ်။
2010-12-22
NDF ပါတီဟာ မကြာခင် ခေါ်ယူတော့မဲ့ လွှတ်တော်အတွင်း ဥပဒေကြမ်းတွေ တင်သွင်းနိုင်ရေးအတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီလို့ ပါတီခေါင်းဆောင်တွေက RFA ကို ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ ပြောပါတယ်။
2010-12-22
အမေရိကန် ပြည်ထောင်စုက နာမည်ကျော် Forbes မဂ္ဂဇင်းနဲ့ New Yorker မဂ္ဂဇင်းတွေ အပါအဝင်၊ စပိန်နိုင်ငံ ရုပ်မြင်သံကြားဌာနတခုကလည်း NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ လာရောက် တွေ့ဆုံ မေးမြန်းကြကြောင်း NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
2010-12-21
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကို ဦးတင်အောင်ခိုင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2010-12-21
မြန်မာ စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်တွေအကြား နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မှာလည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က RFA ကို ပြောပါတယ်။