သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-29
၂၀၁၉ ခုနှစ်က စစ်တပ်နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့ပေါ် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်ထဲက အချို့ကို စစ်ကောင်စီက နေရပ်ပြန်ခိုင်းထားတယ်လို့ ပလက်ဝ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံက ပြောပါတယ်။
2021-10-29
လူသုံးအများဆုံး လူမှုကွန်ရက် ဖေ့စ်ဘွတ် (Facebook) ဟာ သူ့ရဲ့ကုမ္ပဏီနာမည်ကို Metaverse လို့ပြောင်းလဲကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မာခ့်ဇူကာဘတ် က ကြေညာလိုက်ပါတယ်။
2021-10-28
မနေ့က ပြီးဆုံးသွားတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက တက်ရောက်မှု မရှိခဲ့တာကလွဲရင်၊ ညီလာခံနဲ့ ဆက်စပ် အစည်းအဝေးတွေအားလုံးကို ပုံမှန်အတိုင်းပဲ ကျင်းပနိုင်ခဲ့တယ်လို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။ အခုနှစ်မှာ အာဆီယံထိပ်သီးညီလာခံနဲ့အတူ မိတ်ဖက်နိုင်ငံတွေနဲ့ သီးခြား ထိပ်သီး ညီလာခံတွေ ကျင်းပခဲ့ပြီး အရေးပါတဲ့ သဘောတူညီချက်အချို့ကိုလည်း ချမှတ်နိုင်ခဲ့တာ တွေ့ရပါတယ်။
2021-10-28
ရန်ကုန်တိုင်း အလုံမြို့နယ်မှာ ကုန်တင်ဆိပ်ကမ်းစီမံကိန်းတခုအတွက် အမေရိကန် ဒေါ်လာသန်း ၁၅၀ ကျော်ရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိယနိုင်ငံက Adani ကုန်တင်ကုန်ချ ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ အောက်တို ဘာလ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ လာမယ့်နှစ် ၂၀၂၂ ခုနှစ် မေလကနေ ဇွန်လအတွင်း အပြီးထွက်ခွာဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
2021-10-28
နိုင်ငံတဝန်း မြို့နယ် ၄၆ မြို့နယ်က ကျောင်းတွေက လွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေက အခြေခံပညာကျောင်းတွေအားလုံးကို နိုဝင်ဘာ ၁ ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီရဲ့ ကိုဗစ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက အောက်တိုဘာ ၂၈ ရက်နေ့က ကြေညာလိုက်ပါတယ်။
2021-10-28
စစ်ကိုင်းတိုင်းအတွင်းမှာ အခုနောက်ပိုင်း မိုင်းဆွဲတိုက်ခိုက်တာတွေ ပိုမိုဖြစ်ပွား လာပြီး အောက်တိုဘာလ ၂၇ ရက် မနေ့တစ်ရက်တည်းမှာတင် မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်း သုံးခုကို ဒေသခံအရပ်သား ကာကွယ်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
2021-10-28
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ် ကနေ မြန်မာပို့ကုန် လေးမျိုး တင်ပို့ခွင့်ပြုမယ်လို့ တရုတ်က စာထုတ်ထားကြောင်း ချင်းရွှေဟော်နယ်စပ် ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
2021-10-28
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာက စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေသူနှစ်ဦး အောက်တိုဘာလ ၂၈ ရက် ဒီနေ့ မနက် ၉ နာရီခန့် နေအိမ်မှာပဲ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-28
ချင်းပြည်နယ် ထန်တလန်နဲ့ ဖလမ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၆၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2021-10-28
ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ အင်ဂျန်ယန် မြို့ အင်ဂွမ်လရွာက အထက်တန်းကျောင်းမှာ ကျောင်းသား ၄၀၀ ကျော် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိတာကြောင့် ရွာကို Lock down လုပ်ပြီး ပိတ်ထားတယ်လို့ KIA ရဲ့ ကိုဗစ် ထိန်းချုပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2021-10-28
စစ်တပ်အာဏာသိမ်းပြီး ကိုးလ နီးပါးကြာချိန်မှာ နိုင်ငံတကာက စစ်ကောင်စီကို အလေးထား ဖိအားပေး လုပ်ဆောင်နေသလို အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံကို အာဆီယံရဲ့ အရေးယူမှုတွေလည်း ရှိနေပါတယ်။
2021-10-28
မန္တလေးမြို့မှာရှိတဲ့ ကမ္ဘောဇ (KBZ) ဘဏ်ခွဲတွေနဲ့ KBZ ဘဏ်နဲ့ ဆက်စပ်တဲ့နေရာ အနည်းဆုံး ခုနှစ်နေရာမှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့ညနေပိုင်းက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
2021-10-28
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာမှာ လင်မယား စကားများရန်ဖြစ်ချိန် စစ်ကောင်စီတပ်သားတွေ လာရောက်ရိုက်နှက်ခဲ့တာကြောင့် ၁၀ ရက်အကြာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ အမျိုးသားဖြစ်သူ အသက် ၃၉ နှစ်ရွယ် အကြီးကောင် သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေက RFA ကို ပြောပါတယ်။
2021-10-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံပြီး အမှုပလပ်ပေးခံခဲ့ရတဲ့ မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (ခ) အလင်္ကာကြယ်ကို အမှုပြန်လည်စွဲဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ မန္တလေးသံဃသမဂ္ဂအဖွဲ့က မိန့်ပါတယ်။
2021-10-28
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမှတ် (၁) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင်ဟာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာထဲ ပါဝင်ပေမယ့် အဲဒီနေ့မှာပဲ ပြန်ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ထပ်မံ တရားစွဲဆိုခံထားရပါတယ်။