ခင်ဦးမြို့ ယောက်သွားအိုင်ရွာက ဒလန်လို့ဆိုသူနှစ်ဦး အသတ်ခံရ

2021.10.28
ခင်ဦးမြို့ ယောက်သွားအိုင်ရွာက ဒလန်လို့ဆိုသူနှစ်ဦး အသတ်ခံရ စစ်ကိုင်းတိုင်း ခင်ဦးမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာက စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေသူနှစ်ဦး အောက်တိုဘာလ ၂၈ ရက် ဒီနေ့ မနက် ၉ နာရီခန့် နေအိမ်မှာပဲ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက်ခံရသူတွေဟာ အသက် ၄၈ နှစ်အရွယ် ဦးညိုရင်နဲ့ အသက် ၄၁ နှစ်အရွယ် ဦးဇော်လွင်တို့ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သူတို့နှစ်ဦးဟာ စစ်ကောင်စီတပ်သားတွေကို သတင်းပေးနေတဲ့ ပျူစောထီးအဖွဲ့ဝင် ဒလန်တွေ ဖြစ်တယ်လို့ ဒေသခံအချို့က ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ခင်ဦးမြို့မှာရှိတဲ့ တောကြီးမြေဟောက် အဖွဲ့ကတော့ သူတို့ နှစ်ဦးစလုံးဟာ စစ်ကောင်စီရဲ့ လက်ပါးစေအဖြစ် လုပ်ဆောင်နေတာကြောင့် ၄၅ နဲ့ ၄၆ ဦးမြောက် ဒလန်အဖြစ် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ မြို့ပေါ်နဲ့ ရွာတွေမှာရှိတဲ့ အုပ်ချုပ်ချုပ်ရေးမှူးတွေ အနေနဲ့ အမြန်ဆုံး နုတ်ထွက်ဖို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၂၈ ရက် ဒီနေ့မှာပဲ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။