သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-10-22
ရခိုင်ပြည်နယ် မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားတွေ နဲ့ ရိုဟင်ဂျာတွေ အကြား ပဋိပက္ခတွေဖြစ်ပြီး အပြန်အလှန်မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။
2012-10-21
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ အောက်တိုဘာလ ၂၁ရက်နေ့ မနက်က နေပြည်တော်မှာ ရှိတဲ့ သမ္မတ အိမ်တော်မှာ ကျင်းပခဲ့ပါတယ်။
2012-10-21
မြန်မာတနိုင်ငံလုံးက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ကော်မတီ ဖွဲ့စည်းဖို့ နဲ့ လာမယ့် ဒီဇင်ဘာလမှာ ပြည်လုံးကျွတ် နိုင်ငံရေးအကျဉ်းသားများ ညီလာခံ ကျင်းပနိုင်ဖို့အတွက် ဒီကနေ့ (M3) အမ်သရီးစားသောက်ဆိုင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2012-10-21
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က အလုပ်သမား (၂၀၀) ကျော်ဟာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ အတွက် အောက်တိုဘာလ ၂၁ ရက် ဒီကနေ့ မနက်က တရားဝင် ခွင့်ပြုချက်နဲ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2012-10-21
မြန်မာနိုင်ငံမှာ အိုအိုင်စီ ခေါ် အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရုံးမဖွင့်ဖို့အတွက် တောင်းဆိုဆန္ဒပြပွဲတွေကို ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ ကျိန္တလီ စတဲ့မြို့နယ်တွေမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျေးလက်လူထုနဲ့ မြို့ခံတွေ၊ သံဃာတော်တွေ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။
2012-10-20
အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း Delaware ပြည်နယ် မှာ ဒီလ (၁၄)ရက်နေ့က ပထမဦးဆုံးအကြိမ်ပြုလုပ်တဲ့ ကိုယ်ခံပညာပေါင်းစုံအသုံးပြုတိုက်ခိုက်ရတဲ့ (Mixed Martial Arts) ပြိုင်ပွဲမှာ မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသား အောင်လအင်ဆန်း အနိုင်ရရှိခဲ့ပါတယ်။
2012-10-20
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အောက်တိုဘာလ ၂၄ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့ကုလသမဂ္ဂနေ့ မှာ ငြိမ်းချမ်းရေးအထိမ်းအမှတ် စာသားတွေပါတဲ့ ကပ်ခွာတွေ နေရာအနှံ့ကပ်ကြမယ်လို့သိရပါတယ်။
2012-10-20
အစိုးရချုပ်ကိုင်ထားတဲ့ မြန်မာ့အလင်း၊ ကြေးမုံ နဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ New Light of Myanmar စတဲ့ သတင်းစာတွေကို ပြည်သူလူထုကြိုက်ပြောင်းလဲဖန်တီးထုတ်ဝေတဲ့အခါ အဆင်ပြေချောမွေ့အောင် အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့ ဆိုတဲ့အဖွဲ့ တည်ထောင်လိုက်တဲ့အကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့ ဒီနေ့ထုတ်သတင်းစာ တွေမှာဖေါ်ပြထားပါတယ်။
2012-10-20
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာ နဲ့ လှိုင်သာယာမြို့နယ် တွေက အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေက သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားတာကို အာဏာပိုင်တွေကက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
2012-10-19
ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ရဲ့ ရန်ပုံငွေရှာဖွေရေးပွဲတွေကို ကူညီခဲ့သူ မကွေးမြို့က ဦးမောင်မောင်စိုးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မရပဲ အသံချဲ့စက် သုံးတယ်ဆိုပြီး တရားစွဲဆိုထားရာမှာ အောက်တိုဘာလ ၁၉ ရက်နေ့က ၄ ကြိမ်မြောက် တရားရုံး တက်ရောက်ခဲ့ရပါတယ်။
2012-10-19
အမေရိကန်နဲ့ အာရှဒေသက မဟာမိတ်နိုင်ငံတွေ စုပေါင်းပြီး နှစ်စဉ် ထိုင်းနိုင်ငံမှာ စစ်ရေးလေ့ကျင့်နေတဲ့ ရွှေမြွေဟောက် Cobra Gold စစ်ဆင်ရေးမှာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ပါဝင်ဖို့ အမေရိကန်နိုင်ငံက ဖိတ်ကြားထားခြင်း မရှိသေးဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှုး ဗိုလ်မှုးကြီး ကျော်သူက RFA ကို ပြောပါတယ်။
2012-10-19
ရခိုင်ပြည်နယ်က လူမှုရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇ သန်း ကူညီမယ်လို့ ရန်ကုန် အမေရိကန် သံရုံးက ဒီကနေ့ ပြောကြားပါတယ်။
2012-10-19
ဂျပန်နိုင်ငံ နီပွန်း ဖေါင်ဒေးရှင်း က မြန်မာနိုင်ငံ နယ်စပ်တလျှောက် တိုင်းရင်းသားဒေသတွေက ဒုက္ခသည်တွေ အတွက် အမေရိကန်ဒေါ်လာ (၃) သန်းနဲ့ညီမျှတဲ့ အရေးပေါ် အကူအညီတွေကို ပေးအပ်သွားမယ်လို့ သိရ ပါတယ်။
2012-10-19
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို လာမယ့် နိုဝင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။
2012-10-19
အစ္စလာမ်နိုင်ငံ (၅၇) နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်မယ့်ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်မှာ မနေ့ နေ့လည်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။