မြန်မာစစ်တပ် နဲ့ ရွှေမြွေဟောက် စစ်ဆင်ရေး

အမေရိကန်နဲ့ အာရှဒေသက မဟာမိတ်နိုင်ငံတွေ စုပေါင်းပြီး နှစ်စဉ် ထိုင်းနိုင်ငံမှာ စစ်ရေးလေ့ကျင့်နေတဲ့ ရွှေမြွေဟောက် Cobra Gold စစ်ဆင်ရေးမှာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ပါဝင်ဖို့ အမေရိကန်နိုင်ငံက ဖိတ်ကြားထားခြင်း မရှိသေးဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှုး ဗိုလ်မှုးကြီး ကျော်သူက RFA ကို ပြောပါတယ်။
2012.10.19
cobra-gold-b305 Defense Studies, Malaysia
Defense Studies, Malaysia

"Cobra Gold စစ်ဆင်ရေး၊လေ့ကျင့်ရေးနဲ့ ပတ်သက်ပြီး ငါတို့ကို ဘာမှဖိတ်ကြားခြင်း၊ ပြုခြင်း တရားဝင်တစ်ခုမှ မရှိဘူး။ သူတို့က ဟိုဘက်မှာတော့ ပြောတယ်။ ငါတို့ကိုတော့ ဖိတ်မသွားဘူး"

ထိုင်းနိုင်ငံမှာ လာမယ့်နှစ်အတွင်း အမေရိကန် ၊ ထိုင်း စတဲ့ နိုင်ငံတွေက ပူးတွဲကျင်းပမယ့် ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြန်မာစစ်တပ်က လေ့လာသူအဖြစ် တက်ရောက်ဖို့ အမေရိကန်က ဖိတ်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနတွေက ရေးသားကြပါတယ်။ အဲဒီကိစ္စမဟုတ်မှန်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးက ပြောလိုက်တာပါ။

ရွှေမြွေဟောက် စစ်ဆင်ရေးဟာ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူစတဲ့ နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတို့ နှစ်စဉ် ထိုင်းနိုင်ငံမှာ ပူးတွဲကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး မနှစ်ကဆိုရင် အမေရိကန် တပ်အင်အား တစ်သောင်းနီးပါး နဲ့ ထိုင်းတပ်က သုံးထောင်ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ  တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံက လေ့လာသူအဖြစ် တက်ရောက်တယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။