အစိုးရသတင်းစာတွေ လူထုကြိုက် ပြောင်းလဲမယ်လို့ဆို
2012.10.20

Photo: RFA
ပြန်ကြားရေးဝန်ကြီးဌါန ဒုတိယဝန်ကြီး ဦးရဲထွတ်က အရင်ခေတ်ကသတင်းစာတွေဟာ နိုင်ငံတော်ပိုင် မီဒီယာတွေဖြစ်တဲ့အတွက် အစိုးရအမြင်နဲ့ ပါလီမန်သတင်းတွေလောက်ပဲ အဓိကထားဖေါ်ပြခဲ့တာတွေ ရှိတဲ့အကြောင်းနဲ့၊ အခုနောက်ပိုင်းမှာတော့ အစိုးရရဲ့မူဝါဒတွေကို ထောက်ပြဝေဖန်နိုင်ခွင့်ရလာ နိုင်တယ်လို့ ပြောဆိုတဲ့အကြောင်း AFP သတင်းမှာဖေါ်ပြထားပါတယ်။
သတင်းစာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးရဲနိုင်မိုးကတော့ အခုပြောင်းလဲထုတ်ဝေမယ့် သတင်းစာတွေမှာ ပြောရေးဆိုခွင့်မရတဲ့ပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ အသံတွေကြားရအောင် ဦးစားပေးတာမျိုးတွေဖြစ်လာနိုင်မယ်လို့ပြောဆိုကြောင်း AFP သတင်းကဆိုပါတယ်။