သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-30
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးနေရာမှာ အမြစ်ပြတ်ချေမှုန်းရေးနဲ့ အပြုတ်တိုက်လမ်းစဉ်ကိုသာ စစ်တပ်နဲ့ အာဏာရှင်ဆန့်ကျင်သူ နှစ်ဖက်စလုံးက ကြိုးစားလာကြပါတယ်။
2023-01-30
မကွေးတိုင်း၊ မကွေးမြို့ပေါ်မှာ ကားနဲ့ မော်တော်ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်ထိန်းရဲ့တွေ ဖမ်းဆီးပြီး စစ်အာဏာသိမ်း နှစ်နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံးကျင်းမယ့် အသံတိတ်သပိတ် လှုပ်ရှားမှုနေ့မှာ လာရောက်ရွေးယူဖို့ ပြောထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-30
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်အမတ် သုံးဦးအပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးပြီး ၁၂၃၂ ဦး အဖမ်းခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးဌာနက RFA ကို ပြောပါတယ်။
2023-01-30
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ရွာမှာရှိတဲ့ ဆန်းရွင်ကုမ္ပဏီ ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၉ နာရီက မြေစာပုံပြိုကျလို့ ကျောက်စိမ်းတူးနေတဲ့ ရေမဆေးသမား လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-30
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကိုလွှဲပေးဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းဝယ်မှု ပိတ်ဆို့အရေးယူဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တောင်းဆိုလိုက်ပါတယ်။
2023-01-30
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီခွင့်ကို စစ်ကောင်စီက ဒီဇင်ဘာတစ်လတည်းသာ ခွင့်ပြုခဲ့တာကြောင့် ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲနေပါတယ်။
2023-01-30
စစ်ကောင်စီကလည်း CDM တွေကို ဖမ်းဆီးတာတွေရှိသလို တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း တော်လှန်ရေးအင်အားစုတွေက Non-CDM တွေကို ဖမ်းဆီးအရေးယူတာတွေနဲ့ CDM ဝင်ကြဖို့ တိုက်တွန်းတာတွေ ရှိပါတယ်။
2023-01-29
ကျီရွာက တိမ်းရှောင်ခဲ့တဲ့မိသားတစ်စု အိမ်အပြန်လာမှာ သူတို့အိမ် မီးလောင်ပြီးပြီဖြစ်သလို ချက်ပြီးစ ထမင်းအိုးနဲ့ ဟင်းအိုးက ပြာပုံထဲမှာ ကျွမ်းနေပါပြီ။ အဲဒီနေ့အတွက် ဘယ်မိသားစုမှာမှ စားစရာမရှိတော့ပါဘူး။
2023-01-29
ဒီဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က ကြီးမှူးကျင်းပတာဖြစ်ပြီး တောင်ကိုရီးယားရောက် မြန်မာတွေနဲ့ တောင်ကိုရီးယားနိုင်ငံသား ၃ဝဝ ကျော် ပါဝင်ခဲ့ကြပါတယ်။
2023-01-29
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ချင်းမိုင်မြို့ဟာ အရှေ့တောင်အာရှမှာ အလုံခြုံဆုံးမြို့ဖြစ်ပြီး ရန်ကုန်ကတော့ သုံးနှစ်အတွင်း ရာဇဝတ်မှု ဖြစ်ပွားနှုန်း ၆၇% ကျော် မြင့်တက်လာတယ်လို့ ၂၀၂၃ အတွက် ရာဇဝတ်မှုနဲ့လုံခြုံမှု ညွှန်းကိန်းက ဖော်ပြလိုက်ပါတယ်။
2023-01-29
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ချောင်းကြားရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၉ ရက်မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၃ လုံး မီးလောင်ပြီး ဒေသခံငါးရာနီးပါး ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
2023-01-29
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဇန်နဝါရီလ ၂၇ ရက် သောကြာနေ့ ည ၉ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-29
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ဆိတ်ကလေးဆူးတောရွာက အသက် ၄၀ အရွယ် ကိုကျော်ဇင်လတ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သုံးရက်အကြာ အလောင်းပြန်ပို့ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဇန်နဝါရီလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-29
ထိုင်းနိုင်ငံ ရနောင်းမြို့က မြန်မာပြည်ပြန်ရမယ့်သူတွေထားတဲ့အချုပ်မှာ မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဖို့ ကြန့်ကြာနေတာကြောင့် ဇန်နဝါရီလ၂၈ ရက်ကစလို့ ဆန္ဒပြနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
2023-01-29
စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၂၃၂ ဦး ဖမ်းဆီးထားရဆဲဖြစ်တယ်လို့ NLD ပါတီက ဇန်နဝါရီလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။