သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-29
ရမည်းသင်းခရိုင် ရွှေမြင်တင်တောင်ခြေက ဘုရားစောင်းတန်းမှာ ခိုလှုံနေကြတဲ့ မိုးထိမိုးမိ ရွှေတောလုပ်သားတွေနဲ့ သူတို့မိသားစုတွေကို အဒီနေရာကနေ မဖယ်ရင် အရေးယူမယ်ဆိုပြီး၊ ဒေသခံ အာဏာပိုင်တွေက မနေ့ကနေ့လယ်မှာ ကြေညာတယ် လို့သိရပါတယ်။
2014-01-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်း သားတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲပြီးနောက် ပြည် တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ပွဲတွေစတင်ရန် များစွာအရေးကြီးတယ်လို့ ပြောဆိုလိုက် ပါတယ်။ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ မရရှိဘူးဆိုရင် အပစ်အခတ်ရပ်စဲရေးဟာ တခဏနဲ့ ပျက်ပြားသွားနိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2014-01-29
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ မွတ်စလင် ကျေးရွာသားတွေကို တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သတင်းဌာနတစ်ချို့က ဖေါ်ပြခဲ့တာဟာ မှားယွင်းရေးသားကြတာသာဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက ဒီနေ့ပြောလိုက် ပါတယ်။
2014-01-29
နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို "ကရင်လူငယ်များရဲ့ အခန်းကဏ္ဍ၊ အကူးအပြောင်းကာလနဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်"ဆိုတဲ့ ခေါင်းစဉ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ် မြို့ ကောင်းမှုကျေးရွာမှာ ကရင်လူငယ် ၄၀၀ နီးပါးလောက် က ဒီနေ့ ဖွင့်လှစ်ကျင်းပပါတယ်။
2014-01-29
ရှမ်းပြည်နယ်မှာ မှတ်ပုံတင်မရှိသူတွေ များလွန်းတာကြောင့် နိုင်ငံသားအခွင့် အရေးအရ မှတ်ပုံတင်တွေ ထုတ်ပေးသွား ဖို့ တောင်းဆိုသွားမယ်လို့ တိုင်းရင်းသားများ လူဦးရေစာရင်း မှန်ရရှိရေး ကော်မတီက ဒီနေ့ တောင်ကြီးမြို့ အစည်းအဝေး အပြီးမှာ ပြောပါတယ်။
2014-01-29
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာကို ဗြိတိန်အစိုးရအနေ နဲ့ ထောက်ခံကြောင်း၊ အဲဒီလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးအရ အဖြေရှာနိုင်မယ့် နည်းလမ်းတွေကိုပါ ထည့်သွင်းစဉ်းစားစေလိုကြောင်း ဗြိတိသျှနိုင် ငံခြားရေးနဲ့ ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာန အာရှရေးရာ ဒုတိယဝန်ကြီး Mr Hugo Swire က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-01-29
မောင်တောမြို့နယ် ဒုချီးရားတန်း အရေးအခင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ဝင်တစ်ဦး ပါဝင်စုံစမ်း စစ်ဆေးခွင့်ပေးဖို့ အမေရိကန်သံအမတ်ကြီးက တောင်းဆို ခဲ့တာကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပယ်ချခဲ့တယ်လို့ သြစတြေးလျအခြေစိုက် ABC သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2014-01-29
မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုယ်တိုင်သွားရောက် ကွင်းဆင်းလေ့လာခဲ့တဲ့ ဘူးသီးတောင်မြို့နယ် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် Dr Bawchee Armed ဒေါက်တာ ဘော်ရှီး အာမက်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-01-29
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့နဲ့ ပတ်သက်ပြီး "မွန်းတည့်နေ" ဂျာနယ်မှာ ဖော်ပြခဲ့တဲ့သတင်းဟာ လွဲမှားနေတဲ့အတွက် ဂျာနယ်အနေနဲ့ ကျေနပ်အောင် မတောင်းပန်ရင် တရားဥပဒေလမ်းကြောင်းအရ ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။
2014-01-29
ပဲခူးတိုင်းအတွင်း တည်ဆောက်နေတဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းကြောင့် နေအိမ်ပြောင်းရွှေ့ခံရသူတွေထဲက မြေနေရာ မရရှိသူတချို့ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2014-01-29
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က လယ်သမားတွေဟာ အခုနှစ်အတွင်း စပါးအထွက်နှုန်း ကျဆင်းလာတဲ့အပြင် စပါးဈေးကွက်လည်း ကျဆင်းနေတာကြောင့် ဘဏ်ချေးငွေတွေပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေကြ ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-01-29
UWSA ဝပြည် သွေးစည်းညွတ်ရေး တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးပြဿနာတွေကို အားလုံးမျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းနိုင်တဲ့ အချိန်ရောက်မှသာ တက်ရောက်ဆွေးနွေးမှာ ဖြစ်တယ်လို့ UWSA ရဲ့ သဘောထားကို ဒီနေ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်နပ်က ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-01-29
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒုချီးရာတန်းကျေးရွာ ပဋိပက္ခအပါအဝင် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းတွေကို ဒီကနေ့ တွေ့ဆုံရှင်းပြခဲ့ပါတယ်။
2014-01-29
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ စွမ်းအင်ကဏ္ဍစတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်တွေ လုပ်ဆောင်ဖို့အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂ ထောင် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-01-28
လွှတ်တော်ရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တရပ်အနေနဲ့ မြို့နယ်တွေအလိုက် ကိုယ်စားလှယ်တွေကို ကျပ်ငွေ သိန်း ၁ ထောင်စီ သုံးစွဲခွင့်ပြုထားတာနဲ့ ပတ်သက်လို့ လက်တွေ့အကောင်အထည်ဖေါ်မှု အခြေအနေအကြောင်း နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။