ကရင်လူငယ်ဆွေးနွေး ပွဲ ကော့ကရိတ်မှာ ကျင်းပ
2014.01.29

နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို "ကရင်လူငယ်များရဲ့ အခန်းကဏ္ဍ၊ အကူးအပြောင်းကာလနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်"ဆို တဲ့ ခေါင်းစဉ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ ကောင်းမှုကျေးရွာမှာ ကရင်လူငယ် ၄၀၀ နီးပါးလောက်က ဒီနေ့ ဖွင့်လှစ်ကျင်းပပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကရင်လူငယ်တွေ ဘယ်လိုဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်မလဲဆိုတာတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးကြတဲ့ နှီးနှောဖလှယ် ပွဲဖြစ်တယ်လို့ ဆွေးနွေးပွဲဖြစ်မြောက်ရေး အကျိုးဆောင် စောဇော်လင်းက RFA ကို ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိကျင်းပမယ့် အဲဒီဆွေးနွေးပွဲကို ရန်ကုန်၊ မွန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ အထက်မြန်မာပြည်နဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်လူငယ်တွေနဲ့ အတူ၊ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ ဒီကေဘီအေအဖွဲ့ က ကိုယ်စားလှယ်တွေပါ တက်ရောက်နေကြပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပြည်ထောင်စု တပ်မတော်ဆိုတဲ့ ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲဖြစ်မြောက်ရေး အကျိုးဆောင် စောဇော်လင်းကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။