သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-08
စစ်တပ်က အာဏာသိမ်းပြီး သုံးလကျော်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးသူငယ်စုစုပေါင်း ၇၃ ဦးထိ ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။
2021-06-08
စစ်ကောင်စီရဲ့တပ်တွေကို ခုခံတော်လှန်နေတာ တစ်လခွဲကျော်နေပြီဖြစ်တဲ့ ချင်းပြည်နယ် မင်းတပ်မြို့ မှာ နှစ်ဖက်သေဆုံးဒဏ်ရာရတာရှိသလို၊ အဖမ်းခံထားရတဲ့ အရပ်သားတွေ အချုပ်ထဲမှာ နှိပ်စက်ခံရတာလည်း ရှိနေပါတယ်။
2021-06-08
ဇွန်လ (၈) ရက် ဒီမနက် ၁၀ နာရီလောက်က ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် ကို အမည်မသိ သေနတ် သမားတွေက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
2021-06-08
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တရုတ်ပြည်က ပါဝင်ကူညီဖို့ အသင့်ရှိကြောင်း တရုတ်အစိုးရက ပြောလိုက်ပါတယ်။ တရုတ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ ပြောဆိုခဲ့တာပါ။
2021-06-08
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာက ဆန္ဒပြ လူငယ်တစ်ယောက်နဲ့ အသက် ၅၀ ကျော် အမျိုးသားနှစ်ယောက်၊ စုစုပေါင်း သုံးယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဇွန်လ ၈ ရက်နေ့မနက်ပိုင်းမှာ ပစ်ခတ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-06-08
"တောင်တန်းပြည်မ ညီညွတ်ကြ " ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ထားဝယ်မြို့မှာ ဇွန်လ ၈ရက်၊ ဒီနေ့မနက် စစ်အာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2021-06-07
စစ်ကောင်စီတပ်လက်ချက်နဲ့ လက်တစ်ဖက်ပြတ်ခဲ့ပြီး မကွေးမြို့ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ကို ဇွန်လ ၇ ရက် ညနေပိုင်းမှာ မကွေးအကျဉ်းထောင်ကို ပို့ဆောင်ချုပ်နှောင်လိုက်တယ်လို့ ကိုလျှံဖြိုးအောင်ရဲ့ အကိုဖြစ်သူက RFA ကို ပြောပါတယ်။
2021-06-07
နယ်စပ်ဒေသတွေကနေ မြန်မာနိုင်ငံထဲကိုတင်သွင်းနေတဲ့ ဆပ်ပြာ၊ဆပ်ပြာမှုန့်နဲ့ သွားတိုက်ဆေးတင်သွင်းခွင့်ကို ဇွန်လ ၄ရက်နေ့ကစပြီး ရပ်ဆိုင်းတဲ့အကြောင်း စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက မြဝတီကုန်သွယ်ရေးဇုန် ကိုအသိပေးတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2021-06-07
မြန်မာနိုင်ငံရဲ့အကျပ်အတည်းကိုဖြေရှင်းဖို့ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံတို့က ကြိုးပမ်းကြတဲ့အထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို လုံလောက်တဲ့ ထိတွေ့ဆက်ဆံမှုတွေ မရှိလို့ စိုးရိမ်ပူပန်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိဆီကို NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင်က မနေ့ကပဲ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
2021-06-07
အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၇ ရက် ဒီကနေ့ ကြေညာပါတယ်။
2021-06-07
ဖမ်းဆီးခံထားရတဲ့ Voice of Myanmar (VOM) သတင်းဌာနက အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကို လက်ရှိဖမ်းထားတဲ့ မန္တလေး နန်းတွင်းစစ်တပ်ထောင်ထဲကနေ ဒီကနေ့ အိုးဘိုထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။
2021-06-07
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ DVB သတင်းအဖွဲ့သား ငါးယောက်စလုံး တတိယနိုင်ငံကို အန္တရာယ်ကင်းကင်းနဲ့ရောက်သွားပြီလို့ DVB က ထုတ်ပြန်ကြေညာပါတယ်။ သူတို့ကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ပြီး သတင်းထုတ်လွှင့်နေတာကြောင့် မေလ ၉ ရက်နေ့က ချင်းမိုင်မြို့မှာ ထိုင်းရဲတွေ ဖမ်းဆီးခဲ့တာပါ။
2021-06-07
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူငယ်တွေ စုပေါင်းပြီး ဇွန် ၇ ရက်၊ ဒီနေ့မှာ ရန်ကုန်မြို့၊ အလုံမြို့နယ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2021-06-07
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဇွန် ၇ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-06-07
မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေက “နိုင်ငံရေးအကျဥ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့” အာဏာသိမ်းစစ်ကောင်စီကို ဇွန်လ(၅)ရက်နေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက် ပါတယ်။